在邀请投资实皆省项目中,采矿项目为主要的

8
更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်လျက်ရှိရာ ဓာတ်သတ္တုတူးဖော်ခြင်းလုပ်ငန်းများလည်းအဓိကပါဝင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့် ဝင်ရောက်လာစေရန် ဖိတ်ခေါ် လျက်ရှိရာ ဓာတ်သတ္တုတူးဖော် ခြင်းလုပ်ငန်းများလည်း အဓိကပါ ဝင်ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးမှူး ဦးသန်းဇော်ဦး ထံမှသိရသည်။

”စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်ဒိုင်းကြီးဒေသ မှာဧရိယာ ဧက ၂၄၇ဝ ကျယ်ပြီး တန်ချိန် ၃၇၉ သန်းအထိ ထုတ် လုပ်နိုင်မယ့် ထုံးကျောက်သတ္တု သိုက်ရှိတယ်။ အဲဒီသတ္တုသိုက်က CaO 50.12u55.16 လောက်ရှိတဲ့ ထုံးကျောက်တွေထွက်တယ်။ အဲဒီ မှာ ဘိလပ်မြေစက်ရုံတည်နိုင်ပါ တယ်။ ဒါ့အပြင် ကလေးနဲ့မော် လိုက်ခရိုင်ထဲမှာ လျှပ်စစ်ဓာတ်အား ပေးစက်ရုံ (Coal Fired Power Plant)လုပ်ငန်းတွေနဲ့ (Coal Seam Gas) ဖြစ်မြောက်နိုင်စွမ်းကို လေ့ လာပြီး စွမ်းအင်ထုတ်လုပ်ရေးလုပ် ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံနိုင် ပါတယ်။ ကနီမြို့နယ်တွင်းမဒေသ မှာလည်း ပိုဇိုလန်သတ္တုသိုက် ပမာဏက တန်ချိန်သန်း ၅ဝဝ လောက်ထွက်တဲ့အတွက် ပိုဇိုလန် သတ္တုကိုအခြေခံတဲ့စက်မှုလုပ်ငန်း တွေ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်”ဟု ဦးသန်းဇော်ဦးကရှင်းပြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့ နှင့် ကလေးမြို့တို့တွင် စက်မှုဇုန် များရှိရာ မန္တလေးနှင့်အနီးကပ်ဆုံး တွင်တည်ရှိသည့် စစ်ကိုင်းစက်မှု ဇုန်သည် ၈၃၇ဒသမ၇ဝဧကကျယ် ဝန်း၍ ထပ်မံတိုးချဲ့ရန်အစီအစဉ်ရှိ သဖြင့်လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများအား မြေနေရာရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးများကို ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

”ပုဒ်မ(၃၆)မှာပါတဲ့လုပ်ငန်း တွေမဟုတ်တဲ့ အခြားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းတွေကို အဆိုပြုချက် တင်ပြဖို့မလိုဘဲ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အတည်ပြု အမိန့်ဒါမှမဟုတ်တိုင်းဒေသကြီးရင်း နှီးမြှုပ်နှံမှုကော်မတီတွေရဲ့ အတည် ပြုအမိန့်နဲ့ လုပ်ငန်းတွေလုပ်နိုင်ပါ တယ်။ တိုင်းဒေသကြီးရင်းနှီးမှု ကော်မတီတွေအနေနဲ့ အမေရိကန် ဒေါ်လာ၅သန်း ဒါမှမဟုတ် မြန်မာ ကျပ်ငွေသန်း ခြောက်ထောင်အထိ လုပ်ငန်းတွေကို အတည်ပြုမိန့်တွေ ထုတ်ပေးနိုင်ပါတယ်”ဟု ဦးသန်း ဇော်ဦးက ရှင်းပြသည်။