တီကျစ်ဓာတ်အားပေးစက်ရုံကို ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အတွင်း မောင်းနှင်ရန် စာချုပ် ချုပ်ဆိုထား

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

တီကျစ်ဓာတ်အားပေးစက်ရုံကို ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အတွင်း မောင်းနှင်ရန် စာချုပ် ချုပ်ဆိုထား

တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံကို ယခင် ပတ်ဝန်းကျင်နှင့် သစ်တောရေး ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များနှင့် ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်ဘောင်အတွင်း၌ မောင်းနှင်ရန် စာချုပ်ချုပ်ဆိုထားကြောင်း စက်ရုံမှူး ဦးဝင်းဌေးက ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ ပြင်သာရွာအနီး တီကျစ်ရေ နွေးငွေ့ဓာတ်အားပေးစက်ရုံတွင် ပြုလုပ်ခဲ့သည့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

“စက်ရုံက အစပျိုးတာဖြစ်တဲ့အတွက် တစ်ချိန်က ချို့ယွင်း ချက်တွေ၊ အားနည်းချက်တွေရှိခဲ့ပေမယ့် အခုလက်ရှိအချိန်မှာ ဒီလိုမဟုတ်တော့ဘူး။ အပြင်ကနေ ထင်မြင်ချက်နဲ့ ချက်ချင်းကြီးပဲအဆိပ်သင့်ပြီး သေတော့မယ့် ပုံစံမျိုးရေးတာတွေက မဖြစ်သင့်ပါဘူး”ဟု ဆိုသည်။

တီကျစ်စက်ရုံကို ၂၀ဝ၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စက်ပစ္စည်းများချို့ယွင်း သောကြောင့် အကြီးစားပြန်လည်ပြုပြင်ခဲ့ရသည်။

ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မောင်းနှင်နိုင်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သော တရုတ်နိုင်ငံမှ Wuxi Huaguang Electric Power Engineering Co.,Ltd. ဖြင့် ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ် ဆိုပြီး စမ်းသပ်မောင်းနှင်ခဲ့သည်။

အဆိုပါစာချုပ်တွင် စက်ရုံမှထွက်ရှိသော အခိုးအငွေ့များနှင့်ဖုန်မှုန့်များ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်ကိစ္စများပါဝင်ပြီး Wuxi Huaguang Electric Power Engineering Co.,Ltd. သို့ ၂၂ နှစ်ကြာနှစ်ရှည်ငှားရမ်း သဘောတူစာချုပ် ချုပ်ထားခြင်းဖြစ်သည်။

နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် ကမ္ဘာ့စံချိန်စံညွှန်းအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အလျင်အမြန်ဖြည့်ဆည်းရန်ဆောင်ရွက်နေကြောင်း စက်ရုံမှူး ဦးဝင်းဌေးက သတင်းမီဒီယာများသို့ ပြောသည်။