两国负责人讨论关于从金三角口岸往中国出口西瓜之事

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

တရုတ်နိုင်ငံဘက်သို့ ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် ဖရဲသီးများ တင်ပို့နိုင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးမည်

မြန်မာဘက်မှ ပိတ်ထားသည့် တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် ဖရဲသီးအပါအဝင် သစ်သီးနှင့် ရေချိုထွက်ကုန်များ တင်ပို့နိုင်ရန်အတွက် ဇန်နဝါရီလ ၇ ရက်နေ့တွင် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

” ကျင်စန်းကျော့ဂိတ်ကနေ ပြန်ပြီး တင်ပို့ခွင့် ရဖို့အတွက် ဝန်ကြီးဌာနကို ကျွန်တော်တို့ အသင်းက တင်ပြထားတာ ရှိပါတယ်။ အဲဒါကို အကောင်အထည်ဖော်ပေးတဲ့ သဘောပါ ” ဟု စစ်ကိုင်းတိုင်း ဖရဲသခွားအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။

တရုတ်သို့ ဝင်မည့် မြန်မာအလုပ်သမားများနှင့် ယာဉ်မောင်းများကို ဒီဇင်ဘာလအတွင်းက လုံခြုံရေးတင်းကျပ်မှုများကြောင့် ဖရဲသီးများ တင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ပြီးနောက် ကားစီးရေ ထောင်နှင့်ချီ၍ ပိတ်မိနေခဲ့သည်။

ယင်းအပြင် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျင်စန်းကျော့ဂိတ်ကို မြန်မာဘက်က ပိတ်ခဲ့သည်။

ကျင်စန်းကျော့ဂိတ်သည် နယ်စပ်ကုန်သွယ်မှု၏ တရားဝင်လမ်းကြောင်းမဟုတ်သော်လည်း တရားဝင်ဂိတ်ပေါက်ဖြစ်သည့် ပန်ဆိုင်းဂိတ်ပေါက်ထက် လမ်းခရီးကောင်းမွန်မှုကြောင့် နားလည်မှုဖြင့် ကျင်စန်းကျော့ဂိတ်ကို မြန်မာဘက်က ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။