本财年1月为止,仰光省已允许49个投资项目开展工作

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ယခုနှစ်ဘဏ္ဍာနှစ် ဇန်နဝါရီလ ပထမအထိ ရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၉ ခု ကို လုပ်ကိုင်ခွင့်ပြု


ယခုနှစ်ဘဏ္ဍာနှစ် ဇန်နဝါရီလပထမအထိရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၄၉ ခု ကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

ယခု၂၀၁၈၁၉ဘဏ္ဍာနှစ် အောက်တိုဘာ၁ ရက်မှ ဇန်နဝါရီ၉ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့်  စက်မှုကဏ္ဍ၊ ဟိုတယ် ကဏ္ဍနှင့် အခြား ဝန်ဆောင်မှု ကဏ္ဍတို့ တွင်တရုတ်၊ ဂျပန်၊စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၄၃ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်လုပ်ငန်း ၆ ခုတို့ကို အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး မတည်ငွေရင်း ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆ဒသမ ၂၀၄ သန်း နှင့် မြန်မာကျပ်ငွေ ၁၀၃၈၀ ဒသမ ၈၃၆ သန်း၊ အလုပ်အကိုင် အခွင့်အလမ်း ၂၃၂၅၈ ဦး အတွက် ဖန်တီးပေး နိုင် မည်ဖြစ် ကြောင်း သိပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအနေဖြင့်စက်မှုကဏ္ဍတွင်အမေရိန်လာ၇ဒသ၁၆၀သန်းဖြစ်ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလျော့ချခြင်းအနေဖြင့် စက်မှုကဏ္ဍတွင် ကျပ် ၄၇၉ ဒသမ ၉၈၃ သန်းဖြစ်ကြောင်းသိရပါတယ်။