不会给予国内的外国公司免税,会依照法律规定,只有促进投资行业的有效企业才能够享受所得税免税

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ပြည်တွင်း၌ လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီတိုင်းကို အခွန်ကင်းလွတ်ခွင့်ပေးနေခြင်းမဟုတ်ဘဲဥပဒေနှင့်အညီဦးစားပေးမြှင့်တင်မည့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်အကျုံးဝင်သောလုပ်ငန်းများသာဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားနိုင်မည်ဟု ဆို

ပြည်တွင်း၌ လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီတိုင်းကို အခွန်ကင်းလွတ်ခွင့် ပေးနေခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အကျုံးဝင် သောလုပ်ငန်းများကသာ ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဇန်နဝါရီ ၁၅ ရက်က ပြောကြားသည်။

“နိုင်ငံခြားကုမ္ပဏီတွေ မှတ်ပုံတင်ရာမှာ မှတ်ပုံတင်တဲ့ကုမ္ပဏီတိုင်းကို ကျွန်တော်တို့က ငါးနှစ်ပေးတာမဟုတ်ပါဘူး။ကုမ္ပဏီမှတ်ပုံတင်တာ သူ့ဟာသူ တင်ပြီးတော့ အလုပ်လုပ်ကြပေါ့။ ကျွန်တော်တို့ အခွန်ကင်း လွတ်ခွင့်ပေးတယ်ဆိုတာက ဒီကုမ္ပဏီတွေက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို သူက သူတို့လုပ်ငန်းနဲ့ပတ်သက်တဲ့ အဆိုပြုလွှာတွေ တင်ပြရတယ်။ အဲလို တင်ပြတဲ့အခါ MIC က ဒီစီမံကိန်းတွေကို စိစစ်ပြီးတော့မှ ခွင့်ပြုပေးတယ်။ ခွင့်ပြုတဲ့ လုပ်ငန်းတိုင်းကို အခွန်ကင်းလွတ်ခွင့်မပေးဘူး။ ခွင့်ပြုတဲ့လုပ်ငန်းတွေက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မယ့် ကဏ္ဍတွေကို အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားတာရှိတယ်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်တဲ့ ကဏ္ဍထဲမှာ လုပ်တဲ့နိုင်ငံခြားကုမ္ပဏီကိုပဲ အခွန်ကင်းလွတ်ခွင့်ပေးတာဖြစ်ပါတယ်”  ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အခွန်ကင်းလွတ်ခွင့်ပေးသည့်အပိုင်းတွင်လည်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ဥပဒေအရ ဒေသအပေါ်မူတည်ပြီးမှ ခုနစ်နှစ်၊ ငါးနှစ်၊ သုံးနှစ်စသည်ဖြင့်  ခွဲခြားကာ အခွန်ကင်းလွတ်ခွင့် ပေးထားခြင်းဖြစ် ကြောင်း၊ ယင်းကဲ့သို့ အခွန်ကင်းလွတ်ခွင့်ခံစားနိုင်မည့်ဒေသနှင့်ကဏ္ဍများကိုလည်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊စိုက်ပျိုးရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံတည် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၊ လျှပ်စစ်ဓာတ်အားပေးသည့်လုပ်ငန်းကဏ္ဍ၊  တယ်လီကွန်း စသည်ဖြင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေသည့်ကဏ္ဍများတွင် လာရောက်လုပ်ကိုင်သူများကိုသာ အခွန် ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့သည့် လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးမည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မှု ကြီးကြပ်ရေးဌာနဖွဲ့စည်းထားကာ ခွင့်ပြုချက်ဖြင့် လုပ်ငန်းများ အမှန်တကယ်လုပ်ကိုင်မှု ရှိမရှိစစ်ဆေးလျက်ရှိကြောင်း သိရသည်။

“အဲဒီဌာနက ဒီကုမ္ပဏီတွေ တကယ်အလုပ်လုပ်မလုပ် ကွင်းဆင်းစစ်ဆေးတယ်၊ သုံးလတစ်ကြိမ် သူတို့ဆီက အစီရင်ခံစာတွေ ပို့ရတယ်။ အဲတော့ On Paper လည်း စစ်တယ်။ ပြီးရင် ကွင်းဆင်းစစ်ဆေးပြီးတော့ သူတို့ တကယ်လုပ်ရဲ့လား၊ သူတို့အစီရင်ခံစာနဲ့ သူတို့တကယ်လုပ်တာနဲ့ကိုက်ရဲ့လား ဆိုတာကို တိုက်ဆိုင်စစ်ဆေးတာလည်း ရှိပါတယ်။ နောက်ပြီး အလုပ်သမားခန့်တာတွေလည်း တကယ်ခန့်ရဲ့လား၊ ပစ္စည်းသွင်းရင်လည်း သတ်မှတ်ထားတဲ့ပစ္စည်းသွင်းတာ ဟုတ်ရဲ့လား၊ ခွင့်ပြုထားတဲ့ပစ္စည်းတွေ မဟုတ်ဘဲ တခြားပစ္စည်းတွေသွင်းတာမရှိအောင် ကြပ်မတ် စစ်ဆေးတာလည်း လုပ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ယင်းလုပ်ငန်းများမှ အဆင်မပြေသဖြင့် လုပ်ငန်းပိတ်သိမ်းလိုပါကလည်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မှုကြီးကြပ်ရေးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ကာ MIC သို့ ပြန် လည်တင်ပြရကြောင်း၊ တင်ပြပြီးမှသာ လုပ်ငန်းပိတ်သိမ်းမှု တရားဝင်ဖြစ်ကြောင်း သိရသည်။

“အဲတော့ ဒီလူက နောက်တစ်ခါထပ်ပြီး တင်ချင်တယ်ဆိုရင် တင်ခွင့်တော့ရှိတယ်။ သူ့လုပ်ငန်းကတော့ တကယ်ကိုအဆင်မပြေလို့ ပိတ်ရတယ်ဆိုရင် ကျွန်တော်တို့ ကွင်းဆင်းစစ်တော့ တကယ်ကို အခြေအနေမ ကောင်းဘူးဆိုရင် ပိတ်လိုက်တယ်။ သူက နောက်ကျတော့မှ တစ်နှစ်လောက်နေမှ ဒါမှမဟုတ် နောက်ခြောက်လကြာတော့မှ မြန်မာပြည်မှာ ထပ်ပြီးတော့မှ ဒီလုပ်ငန်းတော့ မလုပ်တော့ဘူး၊ အခြားလုပ်ငန်းကို အခြားနေရာမှာ လုပ်ချင်တယ်ဆိုရင် သူ့ကို Proposal ကို အစကနေ ပြန်တင်ခိုင်းတယ်။ စိစစ်ပြီး တော့မှ ခွင့်ပြုပေးတယ်။ သာမန်အားဖြင့် ပြောရင်တော့ ဒီလိုအခွန်သက်သာခွင့်ရအောင် ငါးနှစ်လုပ်တယ်၊ ပြီးရင် ပျောက်သွားတယ်၊ ပြီးရင်ပြန်ပေါ်လာတယ်။ ဒါမျိုးတော့ လုပ်လို့မရဘူးပေါ့။ အဆင့်ဆင့် ကျွန်တော်တို့က စစ်ဆေးထားတာဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။