钦邦投资与产品交易会,在仰光举行

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin State Investment and Product Fair ကို ရန်ကုန်မြို့တွင် ကျင်းပမည်

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin State Investment and Product Fair ကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု နှင့် ဒေသထွက်ကုန်များအား မြှင့်တင်ရန် အတွက် Chin State Investment and Product Fair ကို လာမည့်   မတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ Myanmar Convention Centre တွင်  ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါ တယ်။

ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို မတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ဒေသ ထွက်ကုန်ပြပွဲကို မတ်လ ၁၆ နှင့် ၁၇ ရက်နေ့ (၂) ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကာ ရင်းနှီး မြှုပ်နှံမှုဆွေးနွေးပွဲသို့ တက်ရောက်မည့်သူများ အနေဖြင့် https://www.chinstatefair2019.com/ မှတဆင့် ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါကြောင်းသိရပါတယ်။