စစ်ပွဲများရပ်တန့်ရန်နှင့် ဧရာ၀တီမြစ်ဆုံကိုကာကွယ်ရန် သီပေါမြို့၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆို

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ စစ်ပွဲများရပ် တန့်ရန်နှင့် ဧရာ၀တီမြစ်ဆုံကို ကာကွယ်ရန် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင် မတ် ၂၆ ရက်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုမှုတစ်ခု ပြုလုပ် ခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် သီပေါမြို့တော်ခန်းမမှ နံနက် ၁၀ နာရီက စတင်ကာ မွန်းတည့် ၁၂ နာရီအထိ အောင်သပြေပတ်လမ်းသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။

”ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်နေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ရယ်၊ မြစ်ဆုံကြီးကို ကာကွယ်ဖို့အတွက် ရယ်၊ အဲဒါတွေကို စစ်ပွဲတွေရပ်တန့်ပြီးတော့ ဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ နောက် ထပ်လုပ်ဖို့ရှိပါသေးတယ်”ဟု တစ်ကိုယ်တော်ဆန္ဒထုတ် ဖော်သူ ကိုညီညီက ပြောဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် ”အလံဖြူ တော်လှန်ရေး အမှတ်(၁)’RCSS၊SSPP၊TNLAအဖွဲ့များကို ဆန့်ကျင် ခြင်း မဟုတ်၊ရှမ်းပြည်လူထုကို ဒုက္ခပေးနေသည့် အဖွဲ့အစည်းများ အားလုံးကိုပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခြင်းဖြစ်ကြောင်း သိရသည်။

”ဆန္ဒထုတ်ဖော်တာ တစ်ယောက်တည်းပါ။ တစ်ယောက်တည်းဆိုတော့ လုံခြုံရေးယူပေးပြီး ပြီးတဲ့အထိ စောင့်ပြီးတော့ပြန်လာကြပါတယ်။ ခွင့်ပြုမိန့်လည်း တင်ထားပါတယ်”ဟု သီပေါမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး၀င်းတင်က ပြောဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် ရှမ်းပြည်လူထုကို ကာကွယ်ပါ။မြောက်ဦးမြေကို ကာကွယ်ပါ၊ မြစ်ဆုံကို ကာကွယ်ပါ။ အစရှိ သည့်စာတမ်းများပါသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။