仰光新城项目地基不久后将开始销售

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ရန်ကုန်မြို့သစ်စီမံကိန်းမြေများကို မကြာမီစတင်ရောင်းချပေးသွားမည်

ရန်ကုန်မြို့သစ် စီမံကိန်းမြေနေရာများကို လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် လယ်သမားများကို လယ်ယာမြေလျော်ကြေးငွေများ ပေးအပ်နိုင်ရန်အတွက် မကြာမီစတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သတင်းများအရ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့သစ်စီမံကိန်းမြေများ ရောင်းချပေးနိုင်ရန်အတွက် ကော်မတီတစ်ခု ဖွဲ့စည်းဆောင်ရွက်ထားပြီး လယ်ယာမြေတစ်ဧကတွင် အိမ်ထောင်စု ၃၀မှ ၃၅စုထိ ထားရှိပေးသွားမည်ဖြစ်ကာ  ကော်မတီမှ ရောင်းချပေးမည့် မြေစာရင်းကို မကြာမီထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

မြေနေရာများရောင်းချရာတွင် မြေဈေးကစား ရောင်းချခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်သလို မူလပိုင်ရှင်လယ်သမားများအနေဖြင့် အဆိုပါ စီမံကိန်းမြေနေရာများကို ပြန်လည်ရယူလိုပါက ပြန်လည်ရောင်းချပေးသွားမည်ဖြစ်သော်လည်း လယ်ယာမြေဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချပေးမည်မဟုတ်ကြောင်းသိရပါတယ်။

အိမ်ရာအခြေတကျမရှိသူများကို ရန်ကုန်မြို့သစ်မြေနေရာများ တရားဝင်ရောင်းချပေးသွားမည်ဖြစ်ပြီး ကိုယ်ပိုင်အိမ်များဆောက်လုပ်နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ကိုယ်ပိုင်အိမ်များဆောက်လုပ်နိုင်ရန် အတိုးနှုန်း ၁၂ရာခိုင်နှုန်းမှ ၂၄ရာခိုင်နှုန်းကြားဖြင့် ချေးငွေရရှိရန်အတွ က်ဘဏ်တချို့နှင့်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ ပထမစီမံကိန်းအနေဖြင့် လှိုင်သာယာ၊ ညောင်တုန်းလမ်းမများရှိ အိမ်ရာအခြေတကျမရှိသူများကို စတင်စစ်တမ်းကောက်ယူနေပြီး လှိုင်သာယာမြို့နယ် ၊စက်မှုဇုန် ၅ ထိန်ပင်မြောက်ဘက်နေရာတွင် စီမံကိန်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက လိုအပ်သည့် လမ်း၊ ရေ၊ မီး၊ စာသင်ကျောင်းနှင့် ဈေးများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြန်မာနိုင်ငံဗိသုကာအသင်း၊ ရန်ကုန်နည်းပညာဗိသုကာဌာန၊ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(အင်းစိန်)၊ NGO နှင့် INGO အဖွဲ့များနှင့် ပူးပေါင်းအကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။