仰光从160多家外资企业获得超过2.9亿美元投资额

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆၀ ကျော် မှ အမေရိကန်ဒေါ်လာ သန်း ၂၉၀ ကျော် ရင်းနှီးမြှုပ်နှံထား

ရန်ကုန်၊ မေလ

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆၀ ကျော် မှ အမေရိကန်ဒေါ်လာ သန်း ၂၉၀ ကျော် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုကိုကြည့်ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော်၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မတ်လအထိ ကျပ်ဘီလီယံပေါင်း ၈၅၅၉ ကျော် ရှိပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၉ ခုနှစ် ဧပြီလအထိ ရင်းနှီးမြှုပ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် ကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ဇူလိုင် ၇ ရက်နေ့မှ ယနေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၁၆၁ ခု၊ နိုင်ငံခြားမတည် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၉၄ သန်းကျော်နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပေါင်း ၃၀ ခု၊ မတည်ရင်းနှီးမြှုပ်မှု ပမာဏ ကျပ် သန်းပေါင်း ၆၅၀၉၄ ကျော်ရှိကြောင်းသိရပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၉၆၇၂၅ ဦးခန့် ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်းသိရပါတယ်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် မူဝါဒပိုင်းဆိုင်ရာ ဖြေလျော့ပေးနေမှုများ၊ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးဆောင်ရွက်ပေးနေမှုများ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးနေမှုများကို လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆိုထားပါတယ်။