在Ma-U Bin发展稻米和谷物部门的工作车间

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မအူပင်မြို့တွင် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် စားသုံးသူရေးရာ ဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်က တိုးရွှေဝါခန်းမ၌ ကျင်းပသည်။

စာတမ်းများဖတ်ကြား

ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် ပြည်တွင်းပြည်ပသို့ ဆန်စပါးတင်ပို့နိုင်မှု နှိုင်းယှဉ်ချက်စာတမ်း၊ ဆန်အမျိုးအစားနှင့် ဈေးနှုန်း ဈေးကွက်ရရှိမှုသုံးသပ်ချက်၊ အနာဂတ်ကာလတွင် ဆန်တင်ပို့နိုင်မှုဆိုင်ရာ စာတမ်း၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့မှုစာတမ်း၊ ဒေသနှင့်ကိုက်ညီ သည့် မျိုးစပါးပြောင်းလဲစိုက်ပျိုးနိုင်ရေးစာတမ်း၊ မျိုးရွေးချယ်ခြင်း၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစာတမ်းများကို ဖတ်ကြားကာ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၊ ဆန်စက်ပိုင်ရှင်များ၊ တောင်သူများက အစုအဖွဲ့အလိုက် ဆွေးနွေးကြသည်။ ယင်းနောက် ဆွေးနွေးရရှိသည့် ရလဒ်နှင့် အကြံပြုချက်များ၊ အခက်အခဲများကို တစ်ဦးချင်းပြောကြားရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။