缅甸每年出口400多吨咖啡,并获得超过1000万美元的收入

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မြန်မာ့ကော်ဖီကို ပြည်ပသို့ တစ်နှစ်လျှင် တန်ချိန် ၄၀၀ ကျော် တင်ပို့နေ၊ ဒေါ်လာ ၁၀ သန်းကျော် ၀င်ငွေရရှိ

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီနှင့် မြန်မာ့ကော်ဖီထုတ်လုပ်သူများ တွေ့ဆုံပွဲ

 တောင်တန်းဒေသများမှ စိုက်ပျိုးထုတ်လုပ်သည် ကော်ဖီ ကို နိုင်ငံတကာ ဈေးကွက်သို့ တစ်နှစ်လျှင် တန်ချိန် ၄၀၀ ကျော် တင်ပို့နေကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်း နာယက ဦးရဲမြင့် က ပြောသည်။

သို့သော် တစ်နှစ်ပို့ကုန် ၀င်ငွေဒေါ်လာ ၁၀ သန်းကျော် ရရှိ နေသော မြန်မာ့ကော်ဖီပို့ကုန်၏ လက်ရှိ ဈေးကွက်က သေးငယ် သေးသည်ဟု ၎င်းက ဆိုသည်။ အမေရိကန်၊ တရုတ်၊ ဂျာမနီ၊ ဂျပန်အပါအ၀င် ၁၆ နိုင်ငံ၏ ဈေးကွက်ဝေစုရယူထားနိုင်သော မြန် မာ့ကော်ဖီစိုက်ပျိုးမှုကိုလည်း တိုးမြှင့်နိုင်ရန် လိုလားကြောင်း ဦးရဲမြင့်က ပြောသည်။

‘‘အခုက ပုံမှန်ပဲ ပို့နေရ တယ်။ ဈေးကွက်ကလေး တစ်ခုတော့ ရနေတဲ့အဆင့်မှာ ရှိနေတယ်’’ ဟု ကိုယ်တိုင်ကော်ဖီစိုက်ပျိုးထုတ် လုပ်ပြီး အာရှကော်ဖီအသင်းတွင် ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးရဲမြင့်က ပြောပြသည်။

မြန်မာ့ကော်ဖီသည် အရည်အသွေး ကောင်းမွန်သော်လည်း ထုတ်လုပ်မှုအပိုင်းတွင် အားနည်း နေသေးသည်ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုး နိုင်သည့် တောင်တန်းဒေသ မြေနေရာများစွာ ရှိနေပြီး ဒေသခံများကလည်း စိုက်ပျိုးလိုသလို တောင်တန်းဒေသနေထိုင်သူများ အကြား ဘိန်းအစားထိုးသီးနှံအ ဖြစ် စိုက်ပျိုးနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းကူညီရန် လိုအပ်သည်ဟု ဦးရဲမြင့်က ပြော ကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက အကူအညီများပေးနေသည်။ အဆိုပါအေဂျင်စီက မြန်မာနိုင်ငံ ကော်ဖီအသင်းအား ၂၀၁၃ က စတင်၍ ကူညီပံ့ပိုးပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က လည်း အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် အဖွဲ့ ၁၁ ဖွဲ့နှင့် ရန်ကုန်မြို့ရှိ ဟိုတယ်၊ စားသောက်ဆိုင်များမှ ကော်ဖီဝယ်ယူ သူ ၃၀ ကျော်ကို တွေ့ဆုံပြီး မြန်မာ့ကော်ဖီဈေးကွက် မြှင့်တင်ရေး ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ ကော်ဖီစိုက် ပျိုးထုတ်လုပ်သူ ၈,၀၀၀ ကျော်အ တွက် ပုဂ္ဂလိကဘဏ်များမှ ဒေါ်လာတစ်သန်း ချေးငွေရရှိရန် ကူညီပေးခဲ့သည့်အပြင် စိုက်ပျိုးထုတ်လုပ်သည့် နည်းပညာအသစ်များ အသုံးပြုနိုင်ရန် မြန်မာနိုင်ငံကော် ဖီအသင်းနှင့် ပူးပေါင်း၍ အမေရိ ကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေ ဂျင်စီက အကူအညီများ ပေးခဲ့ သည်ဟု သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။