达拉大桥将于2022年初竣工

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ဒလတံတား ၂၀၂၂ နှစ်ဆန်းပိုင်း ပြီးစီးရန် ဆောင်ရွက်မည်ဟုဆို

ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတားကို ရန်ကုန်ဘက်ခြမ်းတွင် သြဂုတ်လမှ စတင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်ပြီးစီးရန် ဆောင်ရွက်မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ဇူလိုင် ၂၄ ရက်က ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခု ပစ္စည်းတွေလည်း ရောက်နေပြီဖြစ်ပါတယ်။ ဒလဘက်အခြမ်းမှာတော့ စနေပြီဖြစ်ပါတယ်။ ရန်ကုန်ဘက်ကိုတော့ သြဂုတ်လထဲမှာ စဖို့အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားကနေ လာရောက်ရှင်းပြတာရှိပါတယ်။ ဒါကြောင့် ကျွန်တော် သိရသလောက်အချိန်က သြဂုတ်လထဲမှာရန်ကုန်ဘက်အခြမ်းကို စဖို့ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောဆိုသည်။

ယင်းနေရာတွင်YBS ယာဉ်လိုင်းတချို့ ခရီးစဉ်လမ်းကြောင်း လွှဲပြေးရမည် ဖြစ်သောကြောင့် ၀ါးတန်းလမ်းနှင့်မြို့မကျောင်းလမ်းတို့မှ လမ်းကြောင်းပြောင်းလဲပြေးဆွဲသွားရန် စီစဉ်ထားသည်ဟုဆိုသည်။

“တံတား တည်ဆောက်ရေးနဲ့ဘတ်စ်ကားလမ်းကြောင်း ရွေးချယ်စရာနှစ်ပိုင်းရှိပါတယ်။ ပြည်လမ်းအတိုင်း ဆင်းလာတဲ့ ကိုယ်ပိုင်ကားတွေက သွားလို့ရပါတယ်။ ဘတ်စ်ကားတွေကတော့ ဒီလမ်းကြောင်းထဲ သွားမယ်ဆိုရင် ယာဉ်ကျပ် တည်းမှုတွေဖြစ်နိုင်ပါတယ်။ ညာဘက်ကိုချိုးပြီးသွားမလား၊ ဘယ်ဘက်ကို ချိုးပြီးသွားမလားပေါ့နော်။ ဘယ်ဘက်ကို ချိုးသွားမယ်ဆိုရင်တော့ အမျိုးသား ကဇာတ်ရုံဘက်ကနေ ဆင်းလာတဲ့လမ်းအတိုင်းအောက်ကိုဆင်းသွားနိုင်ဖို့ဖြစ်ပါတယ်” ဟုဝန်ကြီးချုပ်က ပြောဆိုသည်။

ထိုသို့ ပိတ်ထားမည့် လမ်းကြောင်းပေါ်တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများမှာ YBS၂၁၊ ၃၅၊ ၃၇၊ ၃၉ နှင့် ၇၈ တို့ ပါဝင်ပြီး ယင်းလမ်းကြောင်းများနှင့် ပတ်သက်၍လည်း လမ်းကြောင်းပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယာဉ်များ၏လုံခြုံရေး၊ အသုံးပြုသည့်လူများ၏ လုံခြုံရေးအတွက် ဘတ်စ်ကားများကို ဖြတ်သန်းခြင်းခွင့်မပြုရန် ညွှန်ကြားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအဆင့် (၁) တွင် ဘုန်းကြီးလမ်း၊ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြားကို တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သောကြောင့် ယင်းလမ်းကြောင်းကို တည်ဆောက်ရေးကာလအတွင်း ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။