在Myoethar行业,7个国家投资超过5亿美元

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မြို့သာစက်မှုဇုန်တွင် ခုနစ်နိုင်ငံမှ ဒေါ်လာသန်း ၅၀၀ ကျော်ရင်းနှီးမြှုပ်နှံ

မန္တလေးတိုင်း အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ဆောင်ရွက် သည့် မြို့သာစက်မှုဇုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူ လုပ်ငန်း ၂၁ ခု ရှိလာပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၅၁၃ သန်းရှိလာပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည် ။

‘‘မြို့သာစက်မှုဇုန် ဆိုတာ စတည်ဆောက်တုန်းက ဒီနေရာမှာ စက်မှုဇုန် ဖြစ်နိုင်ပါ့မလားဆို တာကို တော်တော်များများက မေးခဲ့ကြတယ်။  ဒါပေမဲ့ အခုဒီနေရာမှာ နိုင်ငံခုနစ်ခုကနေ လုပ်ငန်းပေါင်း၂၁ ခု ဖြစ်လာပြီ’’ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဇူလိုင် ၃၁ ရက်က မြို့သာ စက်မှုဇုန်၌ မော်တော်ကားစက်ရုံ ဖွင့်ပွဲပြုလုပ်ရာတွင်  ၎င်းကပြော ကြားခြင်း ဖြစ်သည်။

ယင်း၌ လာရောက်ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်ပြီး လက်ရှိတွင် တိရစ္ဆာန် အစာစက်ရုံ၊ ကွန်ကရစ်တိုင် ထုတ်လုပ်ရေး စက်ရုံ၊ ဘီစကွတ်စက်ရုံ၊ သတ္တု Recycle စက်ရုံ အစရှိသည့် လုပ်ငန်းများ ပါဝင်သည်။

‘‘ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့ဆိုတာက မြေနေရာ ကျယ်ကျယ်ဝန်းဝန်း ရှိရမယ် အခြေခံ အဆောက်အအုံ ရှိရပါမယ်။  ရေနဲ့ လျှပ်စစ်လည်း ရရပါမယ် ။  ဒီအခြေခံအချက်တွေ မရှိဘဲနဲ့ မဖွံ့ဖြိုး မတိုးတက်နိုင်ဘူး။ ဆက်သွယ်ရေးလမ်းကြောင်းတွေကလည်း အရေးကြီးပါတယ်။ ကုန်းကြောင်း၊ရေကြောင်းနဲ့ လေကြောင်း သုံးခုစလုံးက ဒီနေရာမှာ ရှိနေတာပါ’’ ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

မြို့သာစက်မှုဇုန်၌ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှတစ် ဆင့် အလုပ်အကိုင် အခွင့် အလမ်းပေါင်း ၂,၅၀၀ ကျော်   ဖန်တီးပေးနိုင်ပြီး အများစုသည် ဒေသခံများ သာဖြစ်ကြောင်း မြို့သာစက်မှု  ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီက ထုတ်ပြန်ထားသည်။