Worth an estimated US $ 155 million 7 million of Burma’s failed satellite launches successfully

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)
အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့်တန် မြန်မာနိုင်ငံပိုင်ဂြိုဟ်တု အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့်တန်သည့် မြန်မာနိုင်ငံပိုင်အဖြစ် အကျိုးတူပူးပေါင်းထားသည့် Myanmar Sat 2 ပါဝင်သည့် Intelsat 39 မြေပြင်တည်ငြိမ်ပတ်လမ်းသွား ဆက်သွယ်ရေးဂြိုဟ်တုကို အမေရိကန်ဒေသစံတော်ချိန် ၄ နာရီ ၁၇ မိနစ် (မြန်မာစံတော်ချိန် သြဂုတ် ၇ ရက် နံနက် ၂ နာရီ)က တောင်အမေရိကတိုက် ပြင်သစ်ဂီယာနာ French Guiana ရှိ အာရီယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်းမှ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည့်အခမ်းအနားကို သြဂုတ် ၇ ရက်က နေပြည်တော်ရှိ Kempinski Hotel ၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ Intelsat ကုမ္ပဏီမှ အာရှ-ပစိဖိတ် အရောင်းမန်နေးဂျင်းဒါရိုက်တာ Mr.Rajeev Kapoor တို့ တက်ရောက်ခဲ့ကြသည်။

ယင်းဂြိုဟ်တုသည် မြေပြင်မှပစ်လွှတ်ပြီး ၃၄ မိနစ်ခန့်တွင် သတ်မှတ်ပတ်လမ်းသို့ အောင်မြင်စွာရောက်ရှိခဲ့ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့်ရှိခဲ့ကြောင်း၊ အရစ်ကျစနစ်ဖြင့် ၂၀၁၈ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်း ပေးသွင်းခဲ့ကာ ၂၀၁၉ ခုနှစ်၌ ရာခိုင်နှုန်း ၅၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ရာခိုင်နှုန်း  ၂၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

သက်တမ်း ၁၅ နှစ်

Myanmar Sat 2 သည် မြန်မာနိုင်ငံအနေဖြင့် C-band လိုင်းအင်အားပေါင်း 432 MHz ၊ Kuband လိုင်းအင်အားပေါင်း 432 MHz စုစုပေါင်း 864 MHz ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဂြိုဟ်တုသက်တမ်းမှာ (၁၅) နှစ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ သက်တမ်းကုန်ဆုံးသည်အထိ အသုံးပြုခွင့်ရရှိမည်ဟု သိရသည်။

ယင်းဂြိုဟ်တုတည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Intelsat ကုမ္ပဏီအကြား သဘောတူညီမှု စာချုပ်ကို လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်၌ စတင်လက်မှတ်ရေးထိုးပြီး ဂြိုဟ်တု Intelsat အတွက် မာဇာနည်းပညာကုမ္ပဏီက ၅၂ စင်းမြောက်ဂြိုဟ်တုအဖြစ်တည် ဆောက်ပေးခဲ့ခြင်းဖြစ်သည်။