因水灾期间没有买家购车,因此购车市场冷清

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)
မိုးကြီးရေလျှံမှုများဖြစ်ချိန် နယ်ဝယ်လက်များအဝယ်မရှိ၍ ကားဈေးကွက်အေးစက်

ယခင်လများက ကျပ်သိန်း ၂၀ဝ ဝန်းကျင် တန်ဖိုးနည်း ဂျပန်တစ်ပတ်ရစ်ကားများ ရောင်း အားမြင့်တက်ခဲ့သော်လည်း သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးကြီးမှု၊ ရေလျှံမှု များဖြစ်ပေါ်လာ၍ နယ်ဝယ်လက်များအဝယ် မရှိတော့ဘဲ ကားဈေးကွက် သိသာစွာအေး စက်နေကြောင်း ယာဉ်ရောင်းဝယ်ရေးစခန်း များရှိ ကားဝယ်ရောင်းအချို့ထံမှ သြဂုတ်လ ၉ ရက်တွင် သိရသည်။

“အခုရက်ပိုင်းမိုးရွာတာ၊ ရေကြီးရေလျှံတာ များပြားလာတော့ ကားအရောင်းအဝယ်တော်တော်လေးအေးစက်သွားတယ်။ နယ်ကကား လာဝယ်တဲ့သူတွေလည်း မိုးရွာတာတွေ၊ ရေကြီး တာတွေ၊ ပြည်နယ်နဲ့တိုင်းတွေမှာ ဆက်တိုက်ဖြစ်နေတော့ အဝယ်မရှိတော့ဘူး။ ဖေဖော်ဝါရီ လကနေ ဇူလိုင်လအထိ အရင်ကသွင်းထားတဲ့ လက်ကျန်ဂျပန်ကားကောင်းတွေ အရမ်း အဝယ် လိုက်လာတယ်။ ဈေးကွက်သဘောအရ အဝယ်လိုက်လာပြီဆိုရင် ကျပ်သိန်း ၂၀ဝ လောက်ကားတွေက ကျပ်သိန်း ၂၀ လောက်ဈေးတက်သွားတယ်။ နယ်ဝယ်လက်က လုပ်ငန်းသုံး ၆၆၀ စီစီကားတွေအဝယ်များတယ်။ မိုးတွင်း အစက ကျပ်သိန်း ၂၀ဝ တန်ကားတွေ အရမ်း အဝယ်လိုက်တယ်။ သဘာဝဘေးဖြစ်လာရင် ကားအရောင်းအဝယ်ရော၊ စီးပွားရေး ပါ ထိုးကျသွားတတ်တယ်”ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း ကားဝယ်ရောင်း ဦးအောင် မျိုးက သြဂုတ် ၉ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ် သို့ပြောဆိုသည်။

အဝယ်လိုက်

ယခင်ရက်ပိုင်းက ကျပ်သိန်း ၂၀ဝ ဝန်း ကျင် လက်ကျန်ဂျပန်ညာမောင်းကားများဖြစ်သည့် အင်ဂျင်ပါဝါ ၁၃၀ဝ စီစီနှင့်အောက် Honda Fit, Probox, Toyota Succeed, Toyota Vitz, Toyota Belta, Toyota Fielder, Wish, Axio, Toyota Mark II ကားများနှင့် လုပ်ငန်းသုံး အင်ဂျင်ပါဝါ ၆၆၀ စီစီကားများ ဈေးကွက်အတွင်း ဈေးနှုန်းမြင့် တက် အဝယ်လိုက်လာခဲ့သည်။