缅甸包括10个国内武装世界已成为关注的过程

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မြဖန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ကမ္ဘာ့စိုးရိမ်ဖွယ် ဖြစ်စဉ် ၁၀ ခုတွင် ပါဝင်

၂၀၁၉ နှစ်ဆန်းမှ သြဂုတ်ဒုတိယပတ်အထိ တိုက်ပွဲ၊ မိုင်းပေါက်မှုနှင့် ဆန္ဒပြပွဲများအပါ အဝင် နိုင်ငံရေးနှင့်ဆက်စပ်သည့် လှုပ်ရှားမှုဖြစ်စဉ် ၈၀၂ ကြိမ်ဖြစ် ပွားခဲ့ကြောင်း အမေရိကန်အခြေ စိုက် ပဋိပက္ခစောင့်ကြည့်လေ့လာ ရေး သုတေသနအဖွဲ့ ACLED ၏ စစ်တမ်းတွင် ဖော်ပြသည်။

အရပ်သားများအပေါ် အင် အားသုံးမှုနှင့် အဓိကရုဏ်းအသွင် သဏ္ဌာန်ဖြစ်စဉ်များပါ ထည့်သွင်း တွက်ချက်ထားသည့် ယင်းစစ် တမ်းအရ တိုက်ပွဲဖြစ်ပွားမှုသည် အများဆုံးဖြစ်ပြီး ၅၀ ရာခိုင်နှုန်း ခန့်ရှိသည်။

ထို့အပြင် အထက်ပါဖြစ်စဉ် များတွင် လူ ၉၆၅ ဦးသေဆုံးပြီး တိုက်ပွဲအပါအဝင် လက်နက်ကိုင် ပဋိပက္ခနှင့်ဆက်စပ်၍ သေဆုံးမှု အများဆုံးဖြစ်သည်ဟုဆိုသည်။

ACLED က မြန်မာနိုင်ငံမှ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သည် ၂၀၁၉ လက်ကျန်ကာလ တွင် ပိုမိုအရှိန်အဟုန်မြင့်လာမည် ဟု ခန့်မှန်းထားပြီး စိုးရိမ်ဖွယ် စောင့်ကြည့်ရမည့် နိုင်ငံတကာပဋိ ပက္ခ ဖြစ်စဉ် ၁၀ ခု၌ ထည့်သွင်း ထားသည်။ ၂၀၂၀ ရွေးကောက်ပွဲ ပြင်ဆင်လှုပ်ရှားမှုများကြောင့် လည်း မြန်မာပြည်တွင်းလက်နက် ကိုင် ပဋိပက္ခသည် စိန်ခေါ်မှုအ ဖြစ် ဆက်ရှိနေမည်ဟုဆိုသည်။

၂၀၁၉ အတွင်းဖြစ်ပွားခဲ့ သည့် လက်နက်ကိုင်ပဋိပက္ခများ တွင် ၈၉ ရာခိုင်နှုန်းသည် တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ကျန် ၁၁ ရာခိုင်နှုန်းသည် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/ SSA) နှင့် ရှမ်းအဖွဲ့ (SSPP/ SSA)၊ တအာင်းအဖွဲ့ (TNLA) ပူး ပေါင်းအဖွဲ့ကြား ဖြစ်ပွားခြင်း ဖြစ်သည်။

 

ထို့အပြင် ACLED စစ်တမ်း တွင် တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) ကြား ဖြစ် ပွားနေသည့် တိုက်ပွဲများနှင့်ပတ် သက်၍ သုံးသပ်ဖော်ပြထား သည်။ မြန်မာ့တပ်မတော်ဘက်က ပြီးခဲ့သည့်ဒီဇင်ဘာတွင် တစ်ဖက် သတ်အပစ်အခတ်ရပ်စဲချိန်ကစ ၍ကချင်နှင့်ရှမ်းပြည်နယ် မြောက် ပိုင်း၌ တိုက်ပွဲများလျော့ကျ ကြောင်း စစ်တမ်းက ဖော်ပြ သည်။ သို့သော် အပစ်ရပ်ဒေသ တွင် မပါဝင်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း၌ ၂၀၁၉ နှစ်ဆန်းက စ၍ တပ်မတော်နှင့် AA ကြား လက်နက်ကိုင်ပဋိပက္ခသိသာစွာ တိုးမြင့်လာကြောင်း သုံးသပ်ထား သည်။

ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့ သည့် လက်နက်ကိုင်ပဋိပက္ခများ ၏ ၂၁ ရာခိုင်နှုန်းနှင့် ချင်းတောင် ပိုင်း ပဋိပက္ခများ၏ ၁၉ ရာခိုင်နှုန်း သည် လူထုအပေါ် တိုက်ရိုက်အ ကျိုးသက်ရောက်ခဲ့သည်ဟု ဆို သည်။

ထို့အပြင် AA အဖွဲ့ကို အ ကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ဖော်ပြခြင်း၊ AA ခေါင်းဆောင် များကို အကြမ်းဖက်တိုက်ဖျက် ရေး ဥပဒေများဖြင့် တရားစွဲဆို ခြင်းများကြောင့် ဆွေးနွေးပွဲများ ကြန့်ကြာပြီး ပြဿနာဖြေရှင်းနိုင် ရေး ကြာမြင့်နိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

ဆန္ဒပြပွဲများနှင့်ပတ်သက်၍ လည်း ACLED ၏ ပြီးခဲ့သည့် လပိုင်းအတွင်း ထုတ်ပြန်ထား သည့် စစ်တမ်းအရ ၂၀၁၀ နှစ် ဆန်းကစ၍ ၂၀၁၉ ဇွန်လနှောင်း ပိုင်းအထိ စုစုပေါင်းအကြိမ် ၂,၀၀၀ ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။ ၂၀၁၉ အတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အုပ်ချုပ်ရေးနှင့်ပတ် သက်သည့် ဆန္ဒပြပွဲများ အများ ဆုံးဖြစ်ပွားခဲ့သည်ဟု စစ်တမ်းက ဖော်ပြသည်။