被炸药摧毁的GokTwin Bridge在两天内重建了2路道湾李桥。

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ဖောက်ခွဲဖျက်ဆီးခံခဲ့ရသော ဂုတ်တွင်းတံတားနေရာတွင် နှစ်လမ်းသွား ဘေလီတံတားကို ငါးရက်အတွင်း တည်ဆောက်မည်

ယနေ့ (၁၅-၈-၂၀၁၉)ရက် နံနက်ပိုင်းက ဖောက်ခွဲဖျက်ဆီးခံခဲ့ရသော ဂုတ်တွင်းတံတားနေရာတွင် နှစ်လမ်းသွား ဘေလီတံတားကို ငါးရက်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ဂုတ်တွင်း တံတား
(မန္တလေး – နောင်ချို – ကျောက်မဲ လမ်းပိုင်း)
မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရသောကြောင့် လက်ရှိတွင် မန္တလေးမြို့ မှ လားရှိုးမြို့ သို့
လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျက် ရှိကြောင်းသိရသည်။

ထို့ကြောင့်ခရီးသွားပြည်သူများ အခက်အခဲ မရှိစေရန်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန မှတံတားတည်ဆောက်ရေးအထူးအဖွဲ့များ ကအမြန်ဆုံး (၅)ရက်အတွင်း
Double Lane Bailey bridge
(နှစ်လမ်းသွား ဘေလီတံတား)ကြီးကို
တည်ဆောက်သွားမည် ဖြစ်ကြောင်း၊
ယနေ့ ညနေပိုင်းမှစ၍လိုအပ်သော တံတားသံဘောင်ဘေလီများကိုစတင်ပေးပို့လျက် ရှိကြောင်း သိရသည်။