向政府报告就九月份雨季大米存储出售事宜

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)
စက်တင်ဘာလထွက်ရှိမည့်မိုးစပါးများ   သိုလှောင်ရောင်းချနိုင်ရေး   အစိုးရထံအကြံပြုတင်ပြမည်
ယခုနှစ်တွင် မြန်မာ့ဆန်ကိုဝယ်ယူမည့် ပြည်ပဝယ်လိုအားနိုင်ငံများ လျော့နည်းသွား သောကြောင့် စက်တင်ဘာလလယ်ပိုင်း၌ထွက် ရှိလာမည့် မိုးစပါးများနှင့်ပတ်သက်၍ သို လှောင်ရောင်းချနိုင်ရေးအတွက် အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း သြဂုတ် ၁၆ ရက်က မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အစိုးရထံတင်ပြမည်

“ရောင်းနေတဲ့ဖိလစ်ပိုင်ဈေးကွက်ကလည်း ဆန်ဝယ်ယူတာကို သုံးလနားမယ်ဆိုတော့ ထွက်လာမယ့်မိုးစပါးတွေအတွက် ဘယ်လို ပြင်ဆင်မလဲပေါ့။ ဈေးကွက်ရှာမရဘူးဆိုရင် စုပြုံထွက်လာတဲ့စပါးတွေကို ဘယ်လိုဝယ်ပြီး သိုလှောင်ထားမလဲ၊ ဘယ်လိုပြင်ဆင်မလဲပေါ့။ ဒါတွေကို ဆန်စပါးအသင်းချုပ်ကနေတစ်ဆင့် အစိုးရထံတင်ပြမှာပါ”ဟု မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းအလုပ်အမှုဆောင် ဦးထင်ဇော်လှိုင်က ပြောဆိုသည်။

ဈေးကွက်စိုးရိမ်

လာမည့်စက်တင်ဘာလလယ်ပိုင်း၌ ပဲခူး တိုင်းဒေသကြီး အနောက်ဘက်ခြမ်းတွင် မိုးစပါးများထွက်ရှိလာတော့မည်ဖြစ်သောကြောင့် ဝယ်ယူမည့် ပြည်ပဈေးကွက်နိုင်ငံများလျော့နည်းသွားသည့်အတွက်လည်း ဈေးကွက်နှင့် ပတ်သက်၍ စိုးရိမ်နေရကြောင်း သိရသည်။

ထည့်သွင်းတင်ပြ

သြဂုတ်လ ဒုတိယပတ်အတွင်းတွင်လည်း ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ ဆန်ကုန်သည်များနှင့်တောင်သူများကို ထွက် ရှိလာမည့်မိုးစပါးများနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန် အစည်းအဝေးခေါ်ယူထားပြီး ယင်းအစည်းအဝေးများမှထွက်ပေါ်လာ သည့် အကြံပြုချက်များကိုပါ အစိုးရထံထည့်သွင်း တင်ပြမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်

မြန်မာ့ဆန်ကို ပုံမှန်တင်ပို့လျက်ရှိသော ဈေးကွက်များဖြစ်သည့် အာဖရိကနိုင်ငံကို တရုတ်နိုင်ငံကဝင်ရောက်ရောင်းချနေပြီး ဖိလစ် ပိုင်နိုင်ငံကလည်း ၎င်းတို့နိုင်ငံအတွင်း စပါး သစ်များ ထွက်ပေါ်မည်ဖြစ်သောကြောင့် စက်တင်ဘာလမှစ၍ နိုဝင်ဘာလအထိ အခြား နိုင်ငံများမှဝယ်ယူသည့် ဆန်များကိုရပ်ဆိုင်း မည်ဖြစ်သည့်အတွက် မြန်မာ့ဆန်စပါးဈေးကွက် နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင် ရွက်ထားရမည်ဖြစ်သည်။

မိုးစပါး

ပဲခူးတိုင်းဒေသကြီးဘက်တွင် စက်တင် ဘာလလယ်ပိုင်းမှစ၍ ဒီဇင်ဘာလအထိ မိုး စပါးများထွက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၌ ဒီဇင်ဘာလမှစကာ မေလအထိထွက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။