进入王国的石油和天然气行业将增加收入几乎增加两倍

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ နိုင်ငံတော်သို့ ထည့်ဝင်ငွေ သုံးဆခန့် တိုးလာမည်ဟုဆို

 နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးစီမံခန့်ခွဲမှုစနစ် ပြောင်းလဲသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ နိုင်ငံတော်သို့ ထည့်ဝင်ငွေသုံးဆခန့် တိုးလာမည်ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော် မတီက ပြောသည်။

၂၀၁၉ – ၂၀ ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ သဘောထားမှတ်ချက် အစီရင်ခံစာကို သြဂုတ် ၂၁ ရက် ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းပြီး ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိသည့် အမြတ်ငွေများထဲမှ  ၂၀၁၈ – ၁၉  ဘဏ္ဍာနှစ် တွင် နိုင်ငံတော်သို့ ကျပ် ၁၇၂ ဘီလီယံထည့်သွင်းပြီး လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်၌ ကျပ်ဘီလီယံ ၄၈၀ အထိ ထည့်ဝင်နိုင်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ယခင်နှစ် နိုင်ငံတော်သို့ ထည့်ဝင်ငွေနှင့် နှိုင်းယှဉ်ပါက လာမည့်နှစ်တွင် သုံးဆခန့်တိုးလာမည် ဖြစ် သည်။

အောက်တိုဘာ  ၁ ရက်တွင် စတင်မည့် ၂၀၁၉ – ၂၀ ဘဏ္ဍာ နှစ်တွင် သီးခြားငွေစာရင်း (OtherAccount-OA) များထားရှိမည် မဟုတ်ဘဲ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်း (SEE Account) တစ်ခုတည်းသာကျန်မည် ဖြစ် သည်။ ထိုသို့စနစ်ပြောင်းလဲသဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ အမြတ်ငွေကို သီိးခြားငွေစာရင်း ထဲသို့ ထည့်သွင်းစရာမလိုတော့ ဘဲ နိုင်ငံတော် ထည့်ဝင်ငွေထဲသို့ သာ ထည့်ဝင်ရမည် ဖြစ်သည်။

‘‘ရရှိတဲ့ဝင်ငွေ အမြတ်ရရှိမယ်ဆိုရင် အမြတ်ရဲ့ ၂၅ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးသွင်းရမှာဖြစ်ပြီးတော့ ကျန်တဲ့ငွေအားလုံးကို  နိုင်ငံတော် ထည့်ဝင်ငွေအ ဖြစ် ပြောင်းလဲသတ်မှတ်မှာ ဖြစ်တဲ့အတွက် သုံးဆနီးပါး မြင့်မားသွား ခြင်းပဲ ဖြစ်ပါတယ်’’ ဟု ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီဒုဥက္ကဋ္ဌ (၁) ဦးအောင်မင်းက ပြောသည်။

လက်ရှိ ငွေစာရင်းနှစ်ခု ထားရှိဆောင်ရွက်နေသည့် စနစ်တွင် စီးပွားရေးလုပ်ငန်းများ၏  အမြတ်ငွေထဲမှ ၂၅ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရပြီး ၅၅ ရာခိုင်နှုန်းကို သီးခြားငွေစာရင်း (Other Account-OA)သို့ ထည့်သွင်းရပြီး ကျန် ၂၀ ရာခိုင်နှုန်းကိုသာ နိုင်ငံတော်သို့ ထည့်ဝင်ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်ရေနှံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်းမှ အခွန်ရငွေနှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ ကျပ် ၁,၆၀၇ လီလီယံ ရှိပြီး လာမည့် ၂၀၁၉ -၂၀  တွင်ကျပ်ဘီလီယံ ၁,၇၇၀ ရရန် လျာ ထားသည်။