在(105英里)贸易区,两辆载有非法货物的车辆在中国被扣押

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် ခရီးသည်တင်မှန်လုံယာဉ် နှစ်စီးပေါ်မှ
တရားမဝင်တင်ဆောင်ထားသော တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး ယာဉ်ငယ်စစ်ဆေး ရေးဂိတ်တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲ ခန့်က စာရွက်စာတမ်းတစ်စုံတစ်ရာ အထောက်အထားပြသနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများ တင်ဆောင်လာသော မှန်လုံယာဉ်နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူဆယ်-မန္တလေး -လားရှိုး ပြေးဆွဲနေသည့် ချစ်မင်းခန့် ခရီးသည်တင် မှန်လုံယာဉ်ဂိတ်မှ မန္တလေး မြို့နေ ကိုကိုအောင်(၅၁ နှစ်) မောင်းနှင်လာ သည့် မှန်လုံယာဉ်နှင့် ကိုညီရဲနိုင်(၄၂ နှစ်) မောင်းနှင်လာသည့် မှန်လုံယာဉ်တို့သည် ခရီးသည်များနှင့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို တင်ဆောင်ပြီး မူဆယ်မှ လာရှိုးဘက်သို့ ထွက်ခွာလာစဉ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် မူဆယ် မောင်းတံကို ဖြတ်ကျော်ပြီး ယာဉ်ငယ် စစ်ဆေးရေးဂိတ် အရောက် တာဝန်ကျ (OSS)အဖွဲ့က စစ်ဆေးခဲ့ရာ ယာဉ်ပေါ် တွင် ခရီးသည်များအပြင် တရုတ်နိုင်ငံ ထုတ် ကုန်ပစ္စည်းများတင်ဆောင်ထား ကြောင်း တွေ့ရှိရသည်။

ဆက်လက်၍ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို တရားမဝင် တင်ဆောင်လာသော မှန်လုံယာဉ်နှစ်စီး ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေ နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။