联邦部长U Ohn Win会见国际发展部(DFID)的商业创新基金(BIF)团队负责人SebastienMoineau先生

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း Department of International Development (DFID) ၏ Business Innovation Facility(BIF)မှ Team Leader, Mr. SebastienMoineau နှင့် အဖွဲ့အားတွေ့ဆုံ

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Department of International Development (DFID) ၏Business Innovation Facility(BIF)မှ Team Leader, Mr. SebastienMoineau နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Business Innovation Facility (BIF) အနေနှင့် Department for International Development (DFID) ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆောင် ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများ၊ Myanmar’s Green Gold အဖြစ်တင်စား ခေါ်ဝေါ်နိုင်သည့် ဝါးကိုဒေသခံများမှ စိုက်ပျိုးထုတ်လုပ် ရောင်းချ၍ ဝင်ငွေ တိုးတက် ရှာဖွေနိုင်ရေးအတွက် သင်တန်း ပေးခြင်း၊ အစုအဖွဲ့ပိုင် ဝါးတောများ တည်ထောင်နိုင်ရေး၊ အဆင့်မြင့် ဝါးထွက်ကုန်များ ထုတ်လုပ် နိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် နည်းပညာ၊ ရန်ပုံငွေ ပံ့ပိုး ဆောင်ရွက်ပေးမှု စီမံကိန်းဆောင်ရွက်ခဲ့ သည့်လားရှိုး၊ တောင်ကြီး၊ ပဲခူး၊ လိပ်သို၊ ထားဝယ်နှင့် မြိတ်ဒေသတို့မှ လုပ်ငန်း အတွေ့အကြုံနှင့် နည်းပညာများ မျှဝေနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို သစ်တော ဦးစီးဌာနနှင့် ပူးပေါင်း၍ နေပြည်တော်၌ ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်စဉ် စက်တင်ဘာ ၁၈ ရက်တွင် ကျရောက် သည့် World Bamboo Day ကျင်းပနိုင်ရေးဆောင်ရွက် လျက်ရှိသည့် အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)

Image may contain: 4 people, people sitting, table and indoor