仰光地图绘制完成,转至YCDC

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)


 

ရန်ကုန်မြေပုံရေးဆွဲရေးစီမံကိန်း ပြီးစီးပြီ ဖြစ်တာကြောင့် YCDC ကိုလွှဲပြောင်းမယ်

ရန်ကုန်တိုင်းဒေသကြီး မြေပုံရေးဆွဲရေး စီမံကိန်းပြီးစီးပြီဖြစ်တာကြောင့် အဲဒီစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး မြေပုံရေးဆွဲရေး လုပ်ငန်းကော်မတီက ကြီးမှူးကျင်းပတဲ့ မြေပုံရေးဆွဲရေး စီမံကိန်း နောက်ဆုံးအကြိမ်မြောက် ဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် ရန်ကုန်တိုင်းကို Mapping ရေးဆွဲပေးဖို့အတွက် တင်ပြခဲ့တဲ့အပေါ် ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွက် မြေပုံရေးဆွဲရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်သလို အဲဒီလုပ်ငန်းစဉ်ကြီး အထမြောက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူး တင်ကြောင်းကိုလည်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။