仿紫金寺塔于12月在俄罗斯建成

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ရုရှားနိုင်ငံတွင်တည်ဆောက်မည့် ရွှေစည်းခုံပုံတူစေတီကို ဒီဇင်ဘာလတွင် အပြီးတည်ဆောက်မည်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကမ္ဘာ့ယဉ်ကျေးမှုပေါင်းစုံ ပြတိုက်ပန်းခြံအတွင်း တည် ဆောက်မည့် ရွှေစည်းခုံပုံတူစေတီကို ဒီဇင်ဘာလတွင်အပြီးတည်ဆောက်ရန် သဘော တူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဩဂုတ်လ ၂၃ ရက်တွင် သိရသည်။

အဆိုပါ ရွှေစည်းခုံပုံတူစေတီနှင့်အတူ ရပ်တော်မူကြေးသွန်းဗုဒ္ဓရုပ်ပွားတော် သုံးဆူ နှင့် ထိုင်တော်မှုဟန် တစ်ဆူကိုလည်း ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။ ]သီတဂူ ဆရာတော်ရဲ့ လမ်းညွှန်ချက်နဲ့ ရုရှားနိုင်ငံမှာ ရွှေစည်းခုံပုံတူစေတီတော်တည်ထား ကိုး ကွယ်နိုင်ဖို့ ဥပဒေဆိုင်ရာကိစ္စရပ်တွေကို အဆင့်ဆင့်လုပ်ဆောင်လာခဲ့တာ အခု ဒီဇင်ဘာ လမှာ အပြီးတည်ဆောက်နိုင်ရေး နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါပြီ။ အခု တည် ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါပြီ}}ဟု ဒေါက်တာအရှင် အစ္ဆရိယက မိန့်ကြားသည်။

ရုရှားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပလာစေရန် နှင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားများ ဖူးမြော်နိုင်စေရန် ရည်ရွယ်ပြီး ရွှေစည်းခုံပုံတူစေတီကို တည်ထားကိုးကွယ်ရန်လုပ်ဆောင်ခြင်းဖြစ်ပြီး ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်များအတွက် လည်း မန္တလေးမြို့တွင် စတင်သွန်းလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ]]ဆင်းတုတော် တွေက ဉာဏ်တော်အမြင့် ၁၈ ပေရှိတဲ့ ပုဂံခေတ်ဟန် ရပ်တော်မူ ကြေးသွန်းရုပ်ပွား တော်တွေပါတယ်။ အခု မြေပုံကြမ်းကိုင်နေပါပြီ။ ပြီးတာနဲ့ ဖယောင်းကိုင်၊ မြေပုံကြေး သွန်းလောင်းတာတွေ ဆက်လက်လုပ်မှာပါ။ အချိန်က သုံးလလောက်ကြာမှာပါ}}ဟု မန္တလေးမြို့ ပြည့်၀ကြေးသွန်းလုပ်ငန်းမှ ကြေးသွန်းပညာရှင် ဦးအောင်အောင်က ပြောသည်။