中国—东盟博览会推动缅中合作迈向新的征程

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

တရုတ်-အာဆီယံကုန်စည်ပြပွဲမှ မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်မှု ခရီးလမ်းသစ်အား တွန်းအားပေးမြှင့်တင်ခြင်း

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် တောတောင်ရေမြေ ဆက်စပ် လျက်ရှိပြီး အပြန်အလှန်မှီခိုကြကာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး သည်လည်း နက်ရှိုင်းလှ ပါသည်။

လတ်တလောနှစ်များတွင် နှစ်ဦးနှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှု ပမာဏ၊ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်နှင့် အလွှာများ အဆက်မပြတ် များပြား လာပြီး ပူးပေါင်း ဆောင်ရွက်မှုအလား အလာလည်း ကျယ်ပြန့် လာပါသည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာ-တရုတ် နှစ်ဖက်ကုန် သွယ်ရေး ပမာဏသည် အမေရိကန်ဒေါ်လာ ၁၅.၂၄ ဘီလီယံတန်ဖိုးရှိရာ ယခင်နှစ်ကာလတူထက် ၁၃.၁ % တိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနှင့် အကြီးဆုံးရင်းနှီးမြှုပ်နှံမှုနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောကိန်းဂဏန်းအချက်အလက်များအရ သိရပါသည်။

တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု စဉ်ဆက် မပြတ်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၏ “တွန်းအားပေး လက်နက်” အနေနှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲသည် မြန်မာ-တရုတ် ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် “Belt and Road” အတူတကွ တည်ဆောက်ရေးအား မြှင့်တင်ရေးအတွက် တက်ကြွသည့် အခန်းကဏ္ဍ မှ ပါဝင်လျက် ရှိပါသည်။
—————————————————————————
တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ ဆုံစည်း၍ အရေးကြီးတာဝန်အား စိတ်တူကိုယ်တူ ဖော်ဆောင်ခြင်း
—————————————————————————
မြန်မာ-တရုတ်နှစ်ဦးနှစ်ဖက်၏ တက်တက်ကြွကြွတွန်းအားပေး မှုကြောင့် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သည် ယခင်တုန်း က ရိုးရှင်းသည့် ကုန်သွယ်ရေးနှင့် စီးပွားရေးထောက်ပံ့မှု မှသည် စီမံကိန်း ကန်ထရိုက်ယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် ဘက်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှုအထိ တိုးချဲ့နိုင်ခဲ့ပါသည်။

နှစ်ဦးနှစ်ဖက် စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ရေရှည် ဖွံ့ဖြိုး တိုး တက်မှုများ ရရှိလာခဲ့ပြီး ကုန်သွယ်မှု ပမာဏသည်လည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပါသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မှ သစ်၊ သစ်သား၊ လယ်ယာထွက်ကုန်၊ သတ္တုတွင်းထွက် ပစ္စည်းများကို အဓိကတင်သွင်းသည်။ မြန်မာနိုင်ငံမှ တင်သွင်းမှုအား မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့် ကုန်ပစ္စည်း ၂၂၀ မျိုးအပေါ် အကောက်ခွန် အထူးသက်သာခွင့်ပေးအပ်ကြောင်း ရှေ့ဆင့်နောက်ဆင့် နှစ်ကြိမ်ကြေညာခဲ့သည်။

မြန်မာနိုင်ငံ အစိုးရသစ်ဖွဲ့စည်းပြီးနောက် မြန်မာ-တရုတ် ဆက် ဆံရေး သည် ပိုမိုတိုးတက်လာခဲ့ပါသည်။ လက်ရှိတွင် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးသည် ကောင်းမွန်သည့် အနေအထားသို့ဦးတည်လျက်ရှိပြီး နှစ်နိုင်ငံအဆင့်မြင့်အလွှာအကြား ထိတွေ့ဆက်ဆံမှု များပြားလျက်ရှိကာ နှစ်ဦးနှစ်ဖက် နိုင်ငံရေးအပြန်အလှန်နားလည်မှုလည်း ထပ်ဆင့်မြင့်မား လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် “Belt and Road” တည်ဆောက်ရေး ၏ အရေးပါဆုံးသောနိုင်ငံ ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် မေလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် သည် တရုတ်နိုင်ငံသို့သွားရောက်၍ “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်သို့ တက်ရောက် ခဲ့ပါသည်။

ထိုခရီးစဉ် အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံသည် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုဇုန် ထူထောင်ရေးအပါအဝင် နားလည်မှု စာချွန်လွှာ ၅ ခုအား လက်မှတ်ရေးထိုးခဲ့ပါသည်။

မြန်မာနိုင်ငံအစိုးရသည် တရုတ်-အာဆီယံကုန်စည်ပြပွဲဟူသည့် ပလက်ဖောင်းကို အသုံးချ၍ နှစ်ဦးနှစ်ဖက် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရေးကို များစွာ အလေးထားပါသည်။

မြန်မာနိုင်ငံမှ ခေါင်းဆောင်များသည် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်၍ တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ အကြိမ်များစွာ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံနှင့်တကွ အခြားအာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် ကူးလူးဖလှယ်မှုများ ဆောင်ရွက်ခဲ့ရာ အဆင့်မြင့် အလွှာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုများစွာ ရရှိခဲ့ပြီး လုပ်ငန်းရှင်များနှင့် ပြည်သူများကို အကျိုးဖြစ်ထွန်းစေခဲ့ ပါသည်။

၎င်းအနက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းမှ (၁၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ (၁၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေမှ (၁၃) ကြိမ်မြောက်နှင့် (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ တို့ကို တက်ရောက်ခဲ့ ပါသည်။

မြန်မာနိုင်ငံမှ ကုန်သည်အသင်းအဖွဲ့များသည်လည်း တရုတ်-အာဆီယံကုန်စည်ပြပွဲကို အလွန်အလေးထားပါသည်။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံငါး လုပ်ငန်းအသင်း၊ မြန်မာနိုင်ငံစက်မှုလုပ်ငန်းအသင်း၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ လယ်ယာထွက် စားသောက်ကုန်ချောတင်ပို့ရေး အသင်း၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း စသည့် အသင်းအဖွဲ့များမှလည်း နှစ်ပေါင်းများစွာဆက်တိုက် ကိုယ်စားလှယ်အဖွဲ့များဖွဲ့၍ ပြပွဲသို့ တက်ရောက်ခဲ့ပါသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲ (၁၅) ကြိမ်တိုင် ကျင်းပသည့်ကာလ အတွင်း မြန်မာနိုင်ငံမှ ပါဝင်ပြသသည့် လုပ်ငန်းရှင်စုစုပေါင်း ၁၄၁၉ ဦးရှိပြီး ပြခန်း ၁၆၇၀ ခန်း အသုံးပြုခဲ့ပါသည်။ အဓိကအားဖြင့် ကျောက်မျက်ရတနာ၊ ကျောက်စိမ်း၊ လက်မှုပစ္စည်း၊ လက်ဖက်ခြောက်၊ စားသောက်ကုန်နှင့် လယ်ယာထွက်ကုန်၊ စီးပွားရေးအသင်းအဖွဲ့များ၏ ပုံရိပ် စသဖြင့် အထူးထွက်ကုန်များနှင့် ဝန်ဆောင်မှုများကို ပါဝင်ပြသ ခဲ့ပါသည်။ မြန်မာနိုင်ငံသည် (၈) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပါသည်။

(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့အဖြစ် ဘားအံမြို့အား ရွေးချယ်ခဲ့ပါသည်။ ထိုပြပွဲတွင် ယခင်အကြိမ်များက မြန်မာပြခန်း၌ ပြသလေ့ရှိသော ရိုးရာအားသာချက် ရှိ သည့် ကုန်ပစ္စည်းများအပြင် မြန်မာ့ လက်ဖက်ခြောက်၊ သရက်သီး၊ သီဟိုလ်စေ့ စသည့် လက်ယာထွက် စားသောက်ကုန်များသည်လည်း ကုန်အမှာစာအများအပြား ရရှိခဲ့ရာ သရက်သီး၊ သီဟိုလ်စေ့ စသည့် လယ်ယာထွက်ကုန်များသည် တရုတ်ဈေးကွက်သို့ စတင်ဝင်ရောက်လာ ခဲ့ပြီး လုပ်ငန်းရှင်များ အမြတ်အစွန်းများစွာ ရရှိခဲ့ပါသည်။ လက်မှုပစ္စည်း၊ သစ်သားဖြင့်ပြုလုပ်သောပရိဘောဂ စသည့် ထူးခြားချက်များပြည့်ဝေ သာ မြန်မာ့အရည်အသွေးမြင့်ကုန်ပစ္စည်းများသည်လည်း တရုတ်ကုန်သည် များ၏ များစွာ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပါသည်။

ပြပွဲကာလအတွင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ သည် “သဘာဝအခြေပြု မြန်မာ့ထုတ်ကုန်များမြှင့်တင်ရေး ဆွေးနွေးပွဲ” (Natural Myanmar ; National Promotion Conference) အား ဦးစီးကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ ကိုယ်တိုင်တက်ရောက်ခဲ့ရာ (၁၅) နှစ်တာကာလအတွင်း အဆင့်အမြင့်ဆုံးဧည့်သည်တော်ပုဂ္ဂိုလ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအကြောင်းမိတ်ဆက်ပွဲ ဖြစ်ခဲ့ပါသည်။

ဆွေးနွေးပွဲ၌ ဧည့်သည်တော်နှင့် ပရိသတ် ၂၀၀ ကျော်တို့သည် မြန်မာ့ကော်ဖီ၊ ငါးလုပ်ငန်း၊ ကျောက်မျက်ရတနာ ကျောက်စိမ်း စသည့်လုပ်ငန်းများ၌ ရင်းနှီးမြှပ်နှံမှုအကြောင်း မိတ်ဆက်မှုအား နားထောင်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ မြန်မာ-တရုတ်ကုန်သွယ်ရေး တွဲဖက်မှုများ တက်ကြွသည့် ရလဒ်ကောင်းများရရှိခဲ့ပြီး မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် GuangDong Institute of Diamond, Jade & Jewelry တို့အကြား ကျောက်မျက် ရတနာလုပ်ငန်းဆိုင်ရာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက် မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

ထို့ပြင် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် Guangxi Economic and Trade Vocational Institute အကြား လုပ်ငန်းအ တတ်ပညာလေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှုသဘော တူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါသည်။ မလေးရှားနိုင်ငံ Indospice ကုမ္ပဏီမှ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ ငရုတ်သီး ၅ တန် မှာယူခဲ့ပါသည်။
ပြပွဲသို့ သုံးနှစ်ဆက်တိုက် ပါဝင်ပြသခဲ့သည့် မြန်မာကုန်သည် ဦးဝဏ္ဏဟိန်းက ဤသို့ တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ ပါဝင် တက်ရောက် ရခြင်းမှာ သင့်လျော်သော ပူးပေါင်းမိတ်ဖက်ကို ရှာဖွေပြီး တရုတ်နိုင်ငံနှင့် အခြားအာဆီယံနိုင်ငံဈေးကွက်သို့ ဝင်ရောက်လို ၍ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ “ယခုဆိုရင် အေးဂျင့်အများအပြားက ကျွန်တော်တို့ရဲ့ မြန်မာ့အရသာလက်ဖက်ရည်ကို စိတ်ဝင်စားနေကြ ပါတယ်။ တရုတ်-အာဆီယံကုန်စည်ပြပွဲကို အရမ်းကျေးဇူးတင်ပါတယ်။” ဟု ဦးဝဏ္ဏဟိန်းက ဆိုလေသည်။
—————————————————————————
တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ထပ်မံဆုံစည်း၍ အတူဆွေးနွေး၊ အတူအကျိုးဖြစ်ထွန်း ကြပါစို့
—————————————————————————
(၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ နန်နင်းမြို့ ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံ များနှင့် တရုတ်နိုင်ငံအကြား ကူးလူးဖလှယ်ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် အရေးပါပေါင်းကူးတံတားအဖြစ် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

ယခုအကြိမ်ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံသည် နန်နင်းအပြည်ပြည် ဆိုင် ရာ ကွန်ဗင်းရှင်းစင်တာ၏ D14 ပြခန်းဆောင်ကို သီးသန့်အ သုံးပြုမည်ဖြစ်ပြီး ပြခန်း ၁၆၉ ခု ထားရှိကာ အဓိကအားဖြင့် ကျောက်မျက် ရတနာ ကျောက်စိမ်း၊ လက်မှုပစ္စည်း၊ လက်ဖက်ခြောက်၊ စားသောက်ကုန်နှင့် လယ်ယာထွက်ကုန်၊ လုပ်ငန်းရှင်အသင်းအဖွဲ့၏ ပုံရိပ် စသဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပြသသွားမည်ဖြစ်သည်။

“နှစ်လိုဖွယ်ရာမြို့” မှာ မကွေးတိုင်းဒေသကြီးဖြစ်ပြီး ဧရိယာ စတုရန်း မီတာ ၁၈၀ ပြသသွားမည်ဟု ခန့်မှန်းရပါသည်။

ယခုအကြိမ်ကုန်စည်ပြပွဲ၏ခေါင်းစဉ်မှာ “ ‘Belt and Road’ အတူတကွ တည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုမျှော်မှန်းချက် အတူတကွေ ဖ်ာဆောင်ခြင်း” ဖြစ်ပါသည်။ ပြပွဲကာလအတွင်း ခေါင်းဆောင်များ အကြား တွေ့ဆုံဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားများ ကျင်းပမည့်အပြင် နိုင်ငံရေးပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင် အဆင့်မြင့်ချိတ်ဆက် ပွဲများလည်း ကျင်းပမည်ဖြစ်ရာ မြန်မာကုန်သည်များသည် နိုင်ငံအ သီးသီးမှ နိုင်ငံရေးအထင်ကရပုဂ္ဂိုလ်များနှင့် မျက်နှာချင်းဆိုင် ကူးလူး ဖလှယ်ခွင့် ရရှိပြီး အရေးပါသတင်းအချက်အလက်များ ရရှိနိုင်မည် ဖြစ်ပေသည်။

(၁၅) နှစ်တာကာလအတွင်း တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန်တွင် အခြေချ၍ ဝန်ဆောင်မှုများပေးအပ်လျက်ရှိပြီး တစ်ကမ္ဘာလုံးသို့ ဦးတည်၍ တံခါးဖွင့်လှစ်ကာ “Belt and Road ” လမ်းကြောင်း တလျှောက်ရှိ နိုင်ငံများ၊ လွတ်လပ်စွာကုန်သွယ်ရေးဇုန်အတွင်းရှိ စီးပွားရေးအဖွဲ့ အစည်း များနှင့် စီးပွားကုန်သွယ်မှုအား ကြိုးပမ်းမြှင့်တင်ရင်း အားလုံး အတူ အပြန်အလှန် အကျိုးဖြစ်ထွန်းရန်၊ အတူတကွစည် ပင်ဝပြောရန် အတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးခဲ့ပါသည်။

ထိုသို့ဖြင့် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန်အတွင်း စီးပွားရေးအသိုင်းအဝိုင်း၏ ကြိုဆိုမှုကိုခံရသော၊ အာဆီယံမှလုပ်ငန်း ရှင်များ ပါဝင်နှုန်းအများဆုံးသောပြပွဲ ဖြစ်လာခဲ့ပါသည်။

ယခုနှစ်သည် “၂၀၃၀ ပြည့်နှစ် တရုတ်-အာဆီယံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မျှော်မှန်းချက်” စတင်သောနှစ်ဖြစ်ပြီး တရုတ်-အာဆီယံ မီဒီယာကူးလူးဖလှယ်ရေးနှစ်လည်းဖြစ်ကာ “Belt and Road” စီမံချက်ကို လက်တွေ့အသေးစိတ်ဖော်ဆောင်သည့် ပထမ ဆုံးနှစ် လည်း ဖြစ်ပါသည်။

စမှတ်အသစ်၊ အခွင့်အလမ်းသစ်များ ရှိနေပါသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံသည် တရုတ်-အာဆီယံကုန် စည်ပြပွဲ၌ ထပ်မံဆုံစည်းကြပြီး ရွက်လွှင့်၍ ခရီးစဉ်သစ်ကို ချီတက်ကြ မည်ဖြစ်ပါ သည်။

Yangon Media Group