塔宁塔伊地区在明伊克电力招标竞争公司发布的单价从292缅元至398缅元

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မြိတ်လျှပ်စစ် တင်ဒါပြိုင်ကုမ္ပဏီများ တစ်ယူနစ်ဈေးနှုန်း ၂၉၂ ကျပ်မှ ၃၉၈ ကျပ်အထိအဆိုပြု

မြိတ်မြို့နယ် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီများက လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းကို ၂၉၂ ကျပ်မှ ၃၉၈ ကျပ်အထိအသီးသီး အဆိုပြုခဲ့ကြသည်။

လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းတင်ဒါဖွင့်ပွဲကို ယမန် နေ့က ထားဝယ်မြို့ရှိ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပြီး ကုမ္ပဏီခြောက်ခု တင်ဒါဝင်ပြိုင်ခဲ့ ကြသည်။Petro & Trans ကုမ္ပဏီ က HFO လောင်စာဖြင့် လျှပ်စစ် ထုတ်လုပ်မည်ဖြစ်ပြီး တစ်ယူနစ် လျှင် ၂၉၂ကျပ်ဖြင့် ဖြန့်ဖြူးမည်ဟု အဆိုပြုခဲ့သည်။
Green Power Myanmar ကုမ္ပဏီကGas ဖြင့် ထုတ်မည်ဖြစ် ပြီး တစ်ယူနစ်လျှင် ၂၉၅ ကျပ်ဖြင့် ဖြန့်ဖြူးမည်ဟု အဆိုပြုသည်။

Myeik Power Generationကုမ္ပဏီကHFO ဖြင့် လျှပ် စစ်ထုတ်လုပ်ပြီးတစ်ယူနစ်လျှင် ၃၁၅ကျပ်ဖြင့် ဖြန့်ဖြူးမည်ဟု အဆိုပြုသည်။

Southern Power Girdကုမ္ပဏီကဒီဇယ်ဖြင့် ထုတ်လုပ်ပြီး တစ်ယူနစ်လျှင် ၃၅၅ ကျပ်ဖြင့် ဖြန့်ဖြူးပေးမည်ဟုအဆိုပြုခဲ့သည်။

မြိတ်စွမ်းလန်းစွမ်းအင်ကုမ္ပဏီ ကHFOဖြင့် ထုတ်လုပ်မည်ဖြစ် ပြီး တစ်ယူနစ်လျှင် ၃၅၉ ကျပ်ဖြင့် ရောင်းချပေးမည်ဟုအဆိုပြုသည်။

ဖိုးသီးချိုကုမ္ပဏီက ဒီဇယ် လောင်စာဖြင့် လျှပ်စစ်ထုတ်ပြီး တစ်ယူနစ်လျှင် ၃၉၈ကျပ်ဖြင့် ဖြန့် ဖြူးမည်ဟုအဆိုပြုသည်။

တင်ဒါဝင်ပြိုင်ထားသည့်ကုမ္ပဏီ များနှင့်ပတ်သက်၍ အောက်တိုဘာ လပထမအပတ်တွင်တင်ဒါကော်မတီ အစည်းအဝေးပြုလုပ်ကာအမှတ် ပေးမည်ဖြစ်ပြီး အနီးစပ်ဆုံးကျင်းပ မည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင်အတည်ပြုနိုင် ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးအောင်သူရကပြောသည်။

ကုမ္ပဏီများကို အမှတ်ပေး ရွေးချယ်ရာတွင် တစ်ယူနစ်ဈေး နှုန်းတစ်ခုတည်းကိုသာကြည့်၍ အမှတ်ပေးဆုံးဖြတ်မည်မဟုတ်ဘဲ ကုမ္ပဏီ Profile၊ နည်းပညာပိုင်း (Technical)အဆိုပြုမှုတို့ကိုပါ သုံးသပ်အမှတ်ပေးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

”ကျွန်တော်တို့ကတော့ ဘယ် သူ့မှမျက်နှာလိုက်မှာမဟုတ်ပါဘူး၊ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ ပြု လုပ်သွားမှာ”ဟု ဝန်ကြီး ဦးအောင် သူရကဆိုသည်။
တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီ အားလုံးကကျေးရွာခွဲ ရုံအားလုံး တွင် ဒီဇယ်မီးစက်များထားရှိမည် ဟုအဆိုပြုတင်ပြခဲ့ကြသည်။တင်ဒါအောင်ကုမ္ပဏီအနေဖြင့် ဒီဇယ်ဆီဖြင့် လျှပ်စစ်ထုတ်လုပ် မည်ဆိုပါက စာချုပ်ချုပ်ဆိုပြီး နောက်သုံးလအတွင်း၊အခြားအရင်း အမြစ်ဖြင့် ထုတ်လုပ်မည်ဆိုပါက ခြောက်လအတွင်းလုပ်ငန်းစလုပ် နိုင်ရမည်ဖြစ်သည်။
မြိတ်ခရိုင်လျှပ်စစ်သုံးစွဲမှု ပမာ ဏမှာ ၁ဝ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိ တွင် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီ ကယာယီလုပ်ကိုင်နေပြီး တစ်ယူနစ် လျှင် ကျပ် ၄၂ဝနှုန်းဖြင့် ကောက်ခံ နေကြောင်းတိုင်းဒေသကြီးလျှပ်စစ် ဝန်ကြီးထံမှ သိရသည်။

Image may contain: 4 people, people sitting, table and indoor
UNION DAILY