一些中国公司向政府报告,要求在仰光建立一个工业区

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ရန်ကုန်တွင် စက်မှုဇုန်ထူထောင်ရန် တရုတ်ကုမ္ပဏီအချို့ တိုင်းအစိုးရထံ တင်ပြ

ရန်ကုန်တွင် စက်မှုဇုန်ထူထောင်လိုသည့် တရုတ်ကုမ္ပဏီက တိုင်းအစိုးရအား လာရောက်တင်ပြစဉ် (ဓာတ်ပုံ −YRG)

တရုတ်ကုမ္ပဏီအချို့က ရန်ကုန်တိုင်းတွင် စက်မှုဇုန်တစ်ခု ထူထောင်ရင်းနှီးမြှုပ်နှံရန် တိုင်း အစိုးရထံ တင်ပြထားသည်။

တရုတ်နိုင်ငံ Guangdong ပြည်နယ်ရှိ ကုမ္ပဏီများနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန်အကောင်အ ထည်ဖော်ဆောင်ရန် တင်ပြခြင်း ဖြစ်သည်။

ဂျပန်၊ ကိုရီးယားနိုင်ငံကဲ့သို့ တရုတ်နိုင်ငံကလည်း မြန်မာတွင် စက်မှုဇုန်တစ်ခု သီးသန့်ထူထောင်လိုသည်ဟု ကမ်းလှမ်းထား ကြောင်း မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်း ဝင်းက ပြောသည်။

မြန်မာ-တရုတ် ပူးပေါင်း ထားသော စက်မှုဇုန်တစ်ခု ထူ ထောင်ရန် တရုတ်စီးပွားရေးအဖွဲ့ အချို့က အသင်းချုပ်ထံ လာ ရောက်ဆွေးနွေးကြောင်း ၎င်းက ပြောကြားသည်။

ထုတ်ကုန်လုပ်ငန်း ကဏ္ဍ တွင် တရုတ်စီးပွားရေးလုပ်ငန်း ရှင်များ မြန်မာနိုင်ငံသို့ ထိုးဖောက် ဝင်ရောက်နေချိန် သီးသန့်စက်မှု ဇုန် ထူထောင်ရန် တရုတ်စီးပွား ရေး လုပ်ငန်းရှင်များက စီစဉ်ခြင်း ဖြစ်သည်။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သော စီးပွားရေးလုပ်ငန်းအဖြစ် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ က စက်မှုဇုန် လာရောက်ထူ ထောင်ပြီး ရင်းနှီးမြှုပ်နှံပါက ဖိတ် ခေါ်သင့်ကြောင်း ၎င်းက ပြော ကြားသည်။

မြန်မာနိုင်ငံသည် တာဝန်ယူ မှု၊ တာဝန်ခံမှုရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုသာ အဓိက လိုလားနေပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေ ရေး အမေရိကန်၊ ဂျပန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန က စီစဉ်နေသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံ မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး ညောင်နှစ်ပင်ဒေသရှိ မြေဧက ၅၇၀ ၌ စက်မှုဇုန် ထူထောင်ရန် စီစဉ်နေ သည်။

7 day daily