预计2021年有望开设国际标准Mingalar豪华市场

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

နိုင်ငံတကာအဆင့်မီ အဆင့်မြင့် မင်္ဂလာဈေးကို ၂၀၂၁ ခုနှစ်တွင် ဖွင့်
လှစ်နိုင်မည်ဟု ဆို

ရန်ကုန်မြို့ ဗညားဒလမ်းနှင့် စက်ရုံ လမ်းထောင့်တွင် တည်ဆောက်လျက်ရှိ သော နိုင်ငံတကာအဆင့်မီ အဆင့်မြင့် မင်္ဂလာဈေးကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဖြစ် ကြောင်း Sun Myat Tun Construction မှ စက်တင်ဘာလ ၂၇ ရက်တွင် သိရသည်။ အဆိုပါ အဆင့်မြင့်မင်္ဂလာဈေးအတွက် ယခုအခါ Lower Floor ကို ကွန်ကရစ်များ လောင်းနေပြီဖြစ်ကာ မင်္ဂလာဈေးသစ်ကြီးတွင် Basement နှစ်လွှာအပါအဝင် အထပ် ပေါင်း ၁၇ ထပ် ပါဝင်မည်ဖြစ်ကာ ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဈေးသစ်ကြီးတွင် မြေညီထပ်မှ လေးလွှာအထိ ယခင်ဈေးသူဈေးသား ဟောင်းများကို ငါးပေပတ်လည်ဆိုင်ခန်းများ၊ လျှောက်လမ်းများဖြင့်နေရာချထားပေး မည်ဖြစ်ကြောင်းနှင့် မြေအောက်ခန်းနှစ်ခုတွင် ကားအစီးရေ ၄၀၀ ရပ်နားနိုင်မည်ဖြစ်ပြီး ခြောက်လွှာတွင် ကားအစီးရေ ၃၅၀ ရပ်နားနိုင်မည့် ကားပါကင်များရှိမည်ဖြစ်ကြောင်း သိရသည်။ ဈေးသစ်ရှိ အလွှာများတွင် ပစ္စည်းအတင်အချ ပြုလုပ်နိုင်ရန် Lorry Car Parking များလည်းပါရှိမည်ဖြစ်ကြောင်းနှင့် မြေညီထပ်တွင် ဘဏ်များ၊ ဈေးဝယ် စင်တာများနှင့် အဆင့်မြင့်စားသောက်ဆိုင်များထားရှိမည်ဖြစ်ပြီး ဆိုင်ခန်းဝယ်ယူ သူများအတွက် ဆိုင်ခန်း တန်ဖိုးကို အတိုးမဲ့အရစ်ကျ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Image may contain: sky, bridge and outdoor
From: Pyi Myanmar