泰国-蒂拉瓦经济特区就集装箱运输正在进行谈判

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

l_1562746560.jpg

ထိုင်းနိုင်ငံနှင့် သီလဝါ အထူး စီးပွားရေးဇုန်ကို ကွန်တိန်နာကားများ အပြန်အလှန် သယ်ယူပို့ဆောင်ပေး ရန် အတွက် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

ပြည်တွင်းရှိ အထူးစီးပွားရေးဇုန်များဖြစ်သည့် သီလဝါ၊ ထားဝယ်နှင့် ကျောက် ဖြူ ဇုန်တို့အနက် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်သည့် သီလဝါ အထူးစီးပွားရေး ဇုန်မှာ အတိုးတက်ဆုံးဖြစ်ကြောင်းသိရပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက “ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ကလည်း ထိုင်းနိုင်ငံနှင့် သီလဝါ အထူး စီးပွားရေးဇုန်ကို ကွန်တိန်နာကားများ အပြန်အလှန် သယ်ယူပို့ဆောင်ပေးရန် အတွက် ဆွေးနွေးမှုတွေ လုပ်နေတယ်။ သီလဝါအထူးစီးပွားရေးဇုန်က အနာဂတ်မှာလည်း ပိုမိုတိုးတက်လာမှာပါ”လို့ဆိုပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သလို အခြေခံလိုအပ် ချက်များကိုလည်း အကောင်အထည်ဖော်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

From: Myanmar Platform