在众议院,物业服务法迟迟得不到确认

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)
နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည့်အိမ်ခြံ မြေ ဝန်ဆောင်မှုဥပဒေကို ပြည်သူ့လွှတ်တော်၌ အတည်ပြုရန်နှောင့်နှေးနေပြီး လွှတ်တော်က ဆွေး နွေးအကောင်အထည်ဖော်သင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌ ဦးခင် မောင်သန်းက နိုဝင်ဘာ ၁၀ရက်တွင် မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောသည်။

အိမ်ခြံမြေဥပဒေနှင့်ပတ်သက်ပြီး ၂၀၁၆ စက် တင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန် ဆောင်မှုအသင်းမှ ယခင်ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌထံတင်ပြခဲ့ကြောင်း၊ ထို့နောက် အိမ်ခြံမြေဝန်ဆောင်မှုနှင့် ပတ်သက်၍ ထောက်ခံကြသည့်အတွက် အထူးရေးဆွဲမည့်ဥပဒေ အမှတ်စဉ်(၄၉)အနေ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ ကြောင်း သိရသည်။

ထို့နောက် စုစုပေါင်းအစည်းအဝေး ရှစ်ကြိမ် ပြုလုပ်ဆွေးနွေးခဲ့ပြီး ရရှိလာသည့် အိမ်ခြံမြေဝန် ဆောင်မှု ဥပဒေများကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ် သည်။

“အဲဒီတော့ ဒီဥပဒေက ပြည့်သူ့လွှတ်တော်ထဲ မှာပဲရှိနေတယ်။ ဒါကို ကျွန်တော်တို့အသင်းအနေ နဲ့ တစ်စိုက်မတ်မတ်ပူးပေါင်းဆောင်ရွက်တယ်။ သြ ဂုတ်လမှာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနက အဓိကဦးဆောင်သူအနေနဲ့ တာဝန်ယူမယ်ဆိုတဲ့ စာထွက်လာတယ်။ အဲဒီအခြေအနေမှာပဲရှိသေး တယ်။ ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေး ခြင်းမရှိသေးတဲ့အတွက်ကြောင့် ဒီဥပဒေက အတည် ပြုဖို့နှောင့်နှေးနေတယ်”ဟု ဦးခင်မောင်သန်းကပြော သည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေသည် အာဆီယံ နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၌လည်း ယင်းဥပဒေရေးဆွဲ အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဝန်ကြီးဌာနများ၊ ပြည် ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်အတည်ပြုရေးအဖွဲ့၊ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးစည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ရှေ့နေချုပ်ရုံးတို့၏ ၁၀ဝ ရာခိုင်နှုန်းထောက်ခံမှု ဖြင့် အတည်ပြုရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေထွက်ပေါ်လာ ပါက အိမ်ခြံမြေနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက် သူတွေအားလုံးအနေဖြင့် စည်းစနစ်ကျပြီး ဝန်ဆောင် မှုဥပဒေပါ အချက်တိုင်းကိုလေးစား လိုက်နာရမည် ဖြစ်ကြောင်း လေးစားလိုက်နာမှုမရှိပါက ငွေဒဏ်နှင့် ထောင် ဒဏ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

From: Myanmar Times