Wave Money将把FMI 10%的股份出售给Yoma Holdings

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

Wave Money မှ FMI ပိုင်ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို Yoma Holdings သို့ရောင်းချမည်

ရန်ကုန်မြို့ရှိ Wave Money ဖြင့် ငွေလွှဲနိုင်သည့်ဆိုင်တစ်ခုတွင် ချိတ်ဆွဲထားသည့် ကြော်ငြာဆိုင်းဘုတ်ကို တွေ့ရစဉ်

မိုဘိုင်းငွေကြေးဝန် ဆောင်မှုလုပ်ငန်း Wave Money ၌ FMI ကုမ္ပဏီပိုင်ဆိုင်သည့်အစု ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ကန် ဒေါ်လာခြောက်သန်းဖြင့် Yoma Strategic Holdings သို့ရောင်းချ ရန် သဘောတူညီခဲ့သည်ဟု FMI ကုမ္ပဏီက နိုဝင်ဘာ ၁၃ ရက် တွင်ထုတ်ပြန်သည်။

FMI ကုမ္ပဏီနှင့် Yoma Strategic Holdings အကြားအ ရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး ၁၂ လအတွင်းအခြားအဖွဲ့ အ စည်းတစ်ခုခုက Wave Money ၏ အစုရှယ်ယာကို လက်ရှိတန် ဖိုးသင့်ပမာဏထက်ပိုမိုသည့် ပ မာဏဖြင့်ဝယ်ယူခဲ့ပါက ရောင်း အဝယ်တန်ကြေးကို ကန်ဒေါ်လာ ၁၀ သန်းအထိပြန်လည် ပြင်ဆင် သတ်မှတ်မည်ဟု ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

လက်ရှိ Wave Money ၏ တန်ဖိုးသည် ဒေါ်လာ ၅၉ ဒသမ ၉၂ သန်းရှိသည်ဟု FMI ကုမ္ပဏီ ထုတ်ပြန်၌ ဖော်ပြထားသည်။ Wave Money သည် Digital Money Myanmar ကုမ္ပဏီလီ မိတက်အမည်ဖြင့် ၂၀၁၆ စက် တင်ဘာတွင် ဗဟိုဘဏ်မှမိုဘိုင်း ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိခဲ့သည်။

FMI ကုမ္ပဏီနှင့် Yoma Strategic Holdings အကြားရှယ် ယာရောင်းဝယ်မှုကို သဘောတူ ညီခဲ့သော်လည်း Digital Money Myanmar ကုမ္ပဏီလီမိတက်တွင်  ရိုးမဘဏ်၏ အစုရှယ်ယာ ၅ ရာ ခိုင်နှုန်းဆက်လက်ကျန်ရှိနေမည် ဟု FMI ကုမ္ပဏီကထုတ်ပြန်သည်။

Wave Money ကွန်ရက်တွင် ၂၀၁၉ ပထမခြောက်လအတွင်း အသုံးပြုသူ ၁၁ သန်းကျော်က ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ကို လွှဲပြောင်းခဲ့သည်။

From: 7day