缅甸国内油价上涨

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများသည် သုံးရက်အတွင်းတစ်လီတာလျှင် ကျပ် ၃၀ (တစ် ဂါလန် ၁၃၅ ကျပ်)စီ မြင့်တက်ခဲ့ သည်။

စက်သုံးဆီဈေးသည် နိုဝင် ဘာ ၂၁ ရက်အထိ တည်ငြိမ်နေ သော်လည်း ၂၂ ရက်ကစ၍ ဆက်တိုက်မြင့်တက်ခြင်းဖြစ်သည်။

ယမန်နေ့ (နိုဝင်ဘာ ၂၄ ရက်)တွင် ရန်ကုန်အထိုင်စက်သုံး ဆီ အရောင်းဆိုင်အများစု၏ ရောင်းဈေးသည် ဒီဇယ်တစ်လီ တာလျှင် ကျပ် ၉၇၀၊ ပရီမီယံဒီ ဇယ် တစ်လီတာလျှင် ကျပ် ၉၈၀၊ အောက်တိန်း-92 တစ်လီတာ လျှင် ကျပ် ၈၉၀ နှင့် အောက်တိန်း – 95 တစ်လီတာလျှင် ကျပ် ၉၉၀  နှုန်းရှိခဲ့သည်။

အဆိုပါ ဈေးနှုန်းသည် စက်သုံးဆီ အမျိုးအစားတစ်ခုချင်းအလိုက် နိုဝင်ဘာ ၂၁ ရက် ပေါက်ဈေးထက် တစ်လီတာလျှင်ကျပ် ၃၀ နှုန်းမြင့်တက်ခြင်း ဖြစ်သည်။

ထိုသို့ ရက်ပိုင်းအတွင်း စက် သုံးဆီတစ်လီတာ ကျပ် ၃၀ နှုန်းမြင့်တက်ခြင်းသည် ယခုနှစ်အတွင်း မြင့်တက်မှုအမြန်ဆုံးနှုန်းထားဖြစ်ကြောင်း ယင်းဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

‘‘အရင်က ဈေးတက်လည်း ဖြည်းဖြည်းချင်း တက်တာ။ အခု က ခုန်တက်သလို ဖြစ်သွားတယ်။ ဒီအရှိန်နှုန်းအတိုင်း ဆက်တက် နေရင်တော့ ဈေးကွက်မှာ ရိုက် ခတ်မှုရှိလာနိုင်တယ်’’ဟု စက်သုံး ဆီဈေးကွက် ကျွမ်းကျင်သူ ဦးတင်စိုးက ပြောသည်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့် တက်မှုကြောင့် ပြည်တွင်းစက်သုံး ဆီဈေး လိုက်ပါမြင့်တက်ခြင်းဖြစ် သည်ဟု စက်သုံးဆီအရောင်းဆိုင် အချို့က ဆိုသည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည် နို ဝင်ဘာ ၂၄ ရက်က တစ်စည်လျှင် ၅၉ ဒေါ်လာခန့်ရှိပြီး သုံးရက်အ တွင်း နှစ်ဒေါ်လာကျော် မြင့်တက် ခဲ့ကြောင်း ဈေးကွက်သတင်းများ က ဆိုသည်။

From:7 Day Daliy