将于2020年底完成帕敢高级玉石市场的建设

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ဖားကန့်၌ အဆင့်မြင့်ကျောက်မျက်ရတနာဈေးကို ၂၀၂၀ ပြည့်နှစ်ကုန်တွင် အပြီးတည်ဆောက်မည်

ကချင်ပြည်နယ် ဖားကန့်မြို့နှင့် ဆိပ်မူကျေးရွာသွား ကားလမ်းမကြီး ဘေး ယူမာကျေးရွာရှိ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းရုံး နှင့် ကပ်လျက်တွင် ဖားကန့်မြို့၏ အဆင့်မြင့်ကျောက်မျက်ရတနာဈေး ကို စတင်အကောင်အထည်ဖော် တည်ဆောက်သွားတော့မည် ဖြစ် ကြောင်း သိရသည်။

ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း(ဖားကန့်)က တာဝန် ယူ၍ အကောင်အထည်ဖော် တည် ဆောက်မည့် အဆိုပါကျောက်မျက် ရတနာဈေးမြေနေရာတွင် ဈေး တည်ဆောက်ရန် ပန္နက်တင်ပွဲကို နိုဝင်ဘာလနောက်ဆုံးပတ်က ကျင်းပ ခဲ့ပြီး ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပန္နက်များတင်ပေး ခဲ့သည်။

ကျောက်မျက်လုပ်ငန်းရှင်များ အသင်း(ဖားကန့်)ဥက္ကဋ္ဌ ဦးမောင် ထွန်းက “ဒီကဒေသခံတွေ၊ ဒီကို ရွှေ့ပြောင်းလာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်အကိုင် အခွင့်အလမ်းရအောင်၊ ပြီးတော့ အခု ပျံကျကျောက်ဝိုင်းတွေကြောင့် လမ်းတွေ ပိတ်ဆို့မှုဖြစ်နေတာတွေကို ဖြေရှင်းပြီးသားဖြစ်အောင် ရည်ရွယ်ပြီး ကျောက်မျက်ဈေးကို တည်ဆောက် တာပါ” ဟု ပြောသည်။

၂၀၂၀ ပြည့်နှစ်ကုန်တွင် အပြီး တည်ဆောက်မည့် အဆိုပါကျောက်မျက် ရတနာဈေးတွင် လေးခန်းတွဲ သုံးထပ်အဆောက်အအုံ ၂၇ လုံး တည်ဆောက် မည်ဖြစ်ကြောင်း၊ ကျောက်မျက် ရတနာဆိုင်ခန်းပေါင်း ၁၀၈ ခန်း ပါဝင် ပြီး အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၇၅၀ ဖြင့် ရောင်းချသွားမည်ဖြစ်ကာ အရစ်ကျစနစ် ဖြင့် လေးရစ်ခွဲ၍လည်း ဝယ်ယူနိုင်ကြောင်း၊ ငှားရမ်းနိုင်သည့် သုံးခန်းတွဲ သုံးထပ်အဆောက်အအုံ နှစ်လုံး၊ Food Court နှစ်ခန်းတွဲ နှစ်လုံးနှင့်သုံးခန်းတွဲ နှစ်ထပ် စားသောက်ဆိုင် နှစ်လုံးတို့ကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် အလျား ပေ ၁၂၀၊ အနံ ပေ ၁၀၀ ပတ်လည်ရှိသည့် ပျံကျဈေးရုံ သုံးရုံကိုလည်း တည်ဆောက်မည် ဖြစ်ပြီး တစ်ရုံလျှင် အခန်းပေါင်း ၄၀၀ ပါဝင်မည်ဖြစ်၍ ဆိုင်ခန်းမဝယ်နိုင်သူ များအနေဖြင့်လည်း ပျံကျဈေးတွင် အရောင်းအဝယ် လုပ်နိုင်အောင် ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

လက်ရှိအချိန်တွင် ဖားကန့် မြို့နယ်အတွင်း၌ ဖားကန့်ကျောက်ဝိုင်း၊ ဆိပ်မူကျောက်ဝိုင်း၊ ဝှေခါကျောက်ဝိုင်း နှင့် လုံးခင်းညကျောက်ဝိုင်းတို့ကဲ့သို့ ပျံကျကျောက်ဝိုင်းကြီးများနှင့် ကျေးရွာ အချို့တွင် ကျောက်ဝိုင်းငယ်များလည်း ရှိနေ သည်။

From: Myanmaalin