抓获从ATM机偷取约3400万缅币的KBZ分行副经理和其丈夫

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ATM စက်အတွင်းမှ ငွေကျပ်သိန်း(၃၄၀)ကျော် ထုတ်ယူခဲ့သည့် KBZဒုဘဏ်ခွဲမန်နေဂျာ အမျိုးသမီးနှင့် ခင်ပွန်းအား ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၃ x ၅၄ လမ်းကြားရှိ KBZ Bank ATM စက်အတွင်းမှ ငွေကျပ်သိန်း (၃၄၀)ကျော်ထုတ်ယူခဲ့သည့် KBZဒုဘဏ်ခွဲမန်နေဂျာ အမျိုးသမီးနှင့် ခင်ပွန်းအား ဖမ်းဆီးအရေးယူထားကြောင်း မဟာအောင်မြေမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ရက် နံနက် ၉ နာရီခွဲခန့်ကချမ်းမြသာစည်မြို့နယ်နေ ဦးအောင်နိုင်ဦး KBZ Bank Branch-39 မန်နေဂျာသည် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၃ x ၅၄ လမ်းကြားတွင်ထားရှိသော KBZ Bank မှ ATM ငွေထုတ်စက်(၁)လုံးမှာ လိုင်းကျနေ၍ KBZ Bank ကဒ်ဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း၊ KBZ Bank Branch-39 မှ ဒုတိယ တာဝန်ခံ ဒေါ်ထက်မွန်ကျော်ရွှေ၊ ရုံးအကူ ဦးမျိုးမင်းထိုက်တို့မှ သွားရောက်စစ်ဆေးခဲ့ရာ KBZ Bank မှ ATM ငွေထုတ်စက်မှာ လိုင်းကျနေခြင်း မဟုတ်ဘဲ ၎င်း ATM ငွေထုတ်စက်အတွင်း လွန်ခဲ့သော (၁၀)ရက်ခန့်က ထည့်ထားသော ငွေကျပ်သိန်း(၆၀၀)အနက်မှ ခန့်မှန်းငွေသိန်း(၃၄၀)ကျပ်ခန့်မှာ ပျောက်ဆုံးနေကြောင်း သိရှိခဲ့ကြသည်။

ထို့ကြောင့် ငွေခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် မဟာအောင်မြေမြို့မရဲစခန်း(ပ)၁၀၉၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၄၅၄ဖြင့် အမှုဖွင့်တိုင်တန်းခဲ့သည်။

အခင်းဖြစ် KBZ Bank CCTV မှတ်တမ်းများအားစစ်ဆေးခဲ့ရာ အခင်းဖြစ်နေ့ နိုဝင်ဘာ ၂၉ရက် နံနက် ၉ နာရီခွဲခန့်က အဆိုပါ ATMစက်သို့ ဒေါ်ထက်မွန်ကျော်ရွှေ(၃၆)နှစ်(KBZဒုဘဏ်ခွဲမန်နေဂျာ)နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်စိုးမြင့်(၃၆)နှစ် တို့အဖြူရောင် AD Van မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ငွေထည့်သည့်အခန်းအား အနီရောင်သော့ချိတ်ပါသော့ဖြင့်ဖွင့်၍ စက်အတွင်းရှိငွေများအား လျှို့ဝှက်နံပါတ်များအသုံးပြု၍ ထုတ်ယူသွားသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် အနီရောင်သော့ချိတ်ကိုင်ဆောင်သူ ဒေါ်ထက်မွန်ကျော်ရွှေ(၃၆)နှစ်(KBZဒုဘဏ်ခွဲမန်နေဂျာ)နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ခိုင်စိုးမြင့်(၃၆)နှစ် တို့(၂)ဦးအား နိုဝင်ဘာ ၃၀ရက် ညနေ ၄ နာရီခွဲအချိန်တွင် ရဲစခန်းသို့ခေါ်ယူစစ်ဆေးခဲသည်။

စစ်ဆေးချက်အရ မထက်မွန်ကျော်ရွှေမှ ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်စိုးမြင့်အား ATM စက်၏ Password နံပါတ်များနှင့် ATM စက်၏ အနီရောင် သော့ချိတ်ပါသော့ကို ပေးခဲ့ကြောင်း၊ ဦးအောင်ခိုင်စိုးမြင့်မှ AD Van မော်တော်ယာဉ်ဖြင့် ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၃ x ၅၄ လမ်းကြားတွင်ထားရှိသော KBZ Bank သို့ ရောက်ရှိပြီးနောက် ATM စက်အား ၎င်း၏ ဇနီးဖြစ်သူ ပေးထားသောသော့နှင့် Password အား အသုံးပြုကာ ATM စက်အတွင်းမှ (၃၄၉)သိန်း(၇)သောင်းအား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် အမှုမှ ကျူးလွန်သူ ဒေါ်ထက်မွန်ကျော်ရွှေ နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်စိုးမြင့် တို့နှစ်ဦး၏ ထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော AD Van မော်တော်ယာဉ်၊ သက်သေခံပါ ငွေကျပ် (၃၄၉)သိန်း(၇)သောင်းကျပ်နှင့် အခြားသက်သေခံပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ၂၈ လမ်း၊ ၆၇ x ၆၈ ကြားရှိနေအိမ်မှ သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့နှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ-၄၅၄ဖြင့် ဆက်လက် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ၊ ထိုင်နေသော လူများ၊ ကား နှင့် အပြင်ဘက်
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: အခန်းတွင်း
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: အခန်းတွင်း
From: Standard Time