Pakokku洋葱市场有大量的新洋葱

ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း မိုး ကြက်သွန်သစ် ဝင်ရောက်မှု များပြားနေပြီး နယ်စုံ ဝယ်လက်များနေသည့်အတွက် တစ်ပိဿာအမြင့်ဆုံး ကျပ် ၂၄၀၀ ပေါက်စျေးရှိ

ပခုက္ကူကြက်သွန်စျေးကွက် မိုးကြက်သွန်တန်းတွင် ရောင်းဝယ်နေစဉ်
                          ပခုက္ကူကြက်သွန်စျေးကွက် မိုးကြက်သွန်တန်းတွင် ရောင်းဝယ်နေစဉ်

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ဒီဇင်ဘာလ ဒုတိယပတ်တွင် မိုးကြက်သွန်သစ်များ ဝင်ရောက်မှုများပြားနေပြီး နယ်စုံဝယ်လက်များပြားနေသည့်အတွက် တစ်ပိဿာ အမြင့်ဆုံး  ကျပ်၂၄၀၀ ပေါက်စျေးရှိကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် မိုးကြက်သွန်သစ်တစ်ပိဿာကျပ် ၁၈၀၀ ဝန်း ကျင်ခန့်သာ ပေါက်စျေးရှိပြီး ဝယ်လက်များ ပြားသွားခြင်းကြောင့် တစ်ပိဿာကျပ် ၂၄၀၀ အထိ ရောက်ရှိသွားပြီး တစ်ပိဿာကျပ် ၆၀၀ ခန့် စျေးနှုန်းမြင့်တက်သွားခြင်း ဖြစ်သည်။

ပခုက္ကူစျေးကွက်သို့ ဝင်ရောက်နေသည့် ကြက်သွန်သစ်များအား လက်ရှိတွင် ရခိုင်၊မူဆယ်နှင့် ပြည်တွင်းနယ်လက်စုံမှ ဝယ်ယူနေပြီး နေ့စဉ်ပိဿာချိန်တစ်သိန်းမှ တစ်သိန်းငါးသောင်းခန့်အထိ ဝင်ရောက်နေကြောင်း သိရသည်။

“ဒီနေ့ (ဒီဇင်ဘာ ၈)မှာ ကုန်ချိန်တစ်သိန်းခွဲလောက် ဝင်တယ်။ ကုန်ဝင်များပေမယ့် ဝယ်တဲ့သူလည်း များတယ်။ တချို့လည်း ရခိုင်ဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် သွားတာရှိ တယ်။ မူဆယ်ဘက်ကနေ တရုတ်သွားတာရှိ တယ်။ ပြည်တွင်းသုံး ရန်ကုန်ဝယ်လက်တွေ လည်း ဝယ်နေတယ်။ ဝယ်လက်စုံတော့ တစ်နေ့ချင်းစျေးက တက်သွားတယ်” ဟု ပခုက္ကူ ကုန်သည်ပွဲစားများအသင်း အတွင်းရေးမှူး ကိုစိန်လွင်က ပြောကြားသည်။

ယောချောင်းဒေသထွက် ကြက်သွန်များမှာ စျေးကွက်အတွင်းဝင်ရောက်မှု နည်းပါးသွားသည့်အတွက် လက်ရှိအသစ်ပေါ်ထွန်း နေသည့် မိုးကြက်သွန်များကိုသာ အဓိကထား ရောင်းဝယ်နေရပြီး လက်ရှိစျေးနှုန်းများအရ တောင်သူများ အကျိုးအမြတ်ရှိကြောင်း သိရ သည်။

“ဒီလို စျေးကောင်းတဲ့နှစ်ဆိုရင် တောင်သူက အကျိုးအမြတ်ရှိတယ်။ တချို့စျေးမကောင်းတဲ့နှစ်ဆိုရင် တောင်သူက ရှုံးတယ်။ တောင်သူအနေနဲ့ ကံဆိုးကံကောင်း လုပ်ရ တာပါ။ ဒီနှစ်က အထွက်လည်းမဆိုးဘူး။ ပုံ မှန်အထွက်နှုန်း ရတယ်။ တစ်ဧက ပိဿာချိန် ၄၀၀၀ လောက်ရတယ်” ဟု ကြက်သွန်တောင် သူ ကိုဘိုညီက ပြောကြားသည်။

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း အသစ်ဝင်ရောက်နေသည့် မိုးကြက်သွန်များမှာ မြစ်ရေဝင်ဒေသများတွင် မြစ်ရေကျဆင်းပြီး နောက် စိုက်ပျိုးသည့်သီးနှံဖြစ်ပြီး စိုက်ဧက နည်းပါးသကဲ့သို့ ကြက်သွန်အရည်အသွေးမှာ အစိုဓာတ်များပြားကြောင်း သိရသည်။

ယခုနှစ် ကြက်သွန်စျေးကွက်စတင်ချိန် ဧပြီလမှ စက်တင်ဘာလကုန်ပိုင်းထိ နယ်ဝယ် လက်စုံနည်းပါးခြင်း၊ ကုန်ဝင်များပြားခြင်းများကြောင့် ကြက်သွန်နီတစ်ပိဿာအမြင့်ဆုံး ကျပ် ၇၀၀ ဝန်းကျင် ပေါက်စျေးရှိပြီး အောက်တိုဘာလရောက်ရှိမှ စျေးနှုန်းမြင့်တက်လာ ခြင်းဖြစ်သည်။

ကြက်သွန်စိုက်တောင်သူများမှာ အချို့သောနှစ်များတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းများပျက်စီးခြင်းနှင့် စျေးနှုန်းကျဆင်းမှုကြောင့် စိုက်ပျိုးစရိတ်ဆုံးရှုံးမှုများ ကြုံတွေ့ရပြီး ယခုလို နယ်ဝယ်လက်စုံ၍ စျေးနှုန်းမြင့်တက်သည့်နှစ်မှသာ အကျိုးအမြတ် ခံစားရကြောင်း သိရသည်။

ပခုက္ကူစျေးကွက်သို့ ယောချောင်းဒေသ မှ နှစ်စဉ်ပိဿာချိန် သိန်း ၁၀၀ ခန့်နှင့် မြစ်ရေ ဝင်ဒေသမှ ပိဿာချိန်သိန်း ၃ဝခန့် ဝင်ရောက် လေ့ရှိပြီး ပခုက္ကူစျေးကွက်မှတစ်ဆင့် အခြား မြို့များသို့  ဆက်လက်တင်ပို့ ရောင်းချကြောင်း သိရသည်။

From: Eleven