计划到2020年缅甸和越南之间的贸易额超过10亿美元

၂၀၂ဝပြည့်နှစ်တွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၁၀၀၀ပြည့်မီကျော်လွန်စေရန် စီစဉ်ဆောင်ရွက်နေ

l_1558345004.jpg

လာမည့် ၂၀၂ဝပြည့်နှစ်တွင် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကို ပြည့်မီကျော်လွန်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရပါတယ်။

ဗီယက်နမ်နိုင်ငံသည် မြန်မာနို်င်ငံအတွင်း ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများစာရင်းတွင် သတ္တမ အဆင့်တွင်ရှိပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက် နိုင်ငံအဖြစ် နဝမအဆင့်တွင်ရှိကြောင်း သိရပါတယ်။

လက်ရှိတွင် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံကြား လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ဆန်စက်တည်ဆောက်ရေးကဏ္ဍ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ဆက်သွယ်ရေးနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရာတွင် လယ်ယာသုံးပစ္စည်း၊ စားသောက်ကုန်ကြမ်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကဆောင်ရွက်ကြောင်း သိရပါတယ်။

ထို့ပြင် နှစ်နိုင်ငံကုန်သည်များအနေဖြင့် ငှက်သိုက်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် အခြေခံစားသောက်ကုန်လုပ်ငန်း၊ ရော်ဘာလုပ်ငန်းစသည်တို့ကို နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရပါတယ်။

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၆-၂၀၁ရဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၂၅၃သန်းနှင့် သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၄၀၅ ဒသမ ၇၈၃သန်း တို့ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၅၁ဝသန်း နှင့် သွင်းကုန် ၅၈၇ ဒသမ ၃သန်းခန့် ရှိခဲ့ကြောင်း သိရပါတယ်။

From: Myanma Platform