在克伦邦建造一个储存原材料的仓库

ကရင်ပြည်နယ်အတွင်း ပရဆေးကုန်ကြမ်းများ သိုလှောင်နိုင်မည့် ဂိုဒေါင်တစ်ခုဆောက်လုပ်မည်

d r 750.jpg

ကရင်ပြည်နယ်အတွင်းမှာ ပရဆေးကုန်ကြမ်းတွေကို သိုလှောင်နိုင်မယ့် ဂိုဒေါင်တစ်ခု ဆောက်လုပ်သွားမှာဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ထံက သိရပါတယ်။

ယင်းဂိုဒေါင်ကို ကရင်ပြည်နယ်အစိုးရ၊ The Nippon Foundation နဲ့ Kayin State Medicine Plants Resource Center တို့ ပူးပေါင်းပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီ မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာမှာ ဆောက်လုပ်သွားမှ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အစီစဉ်ကို ဒေသခံတောင်သူများရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေကို ဝယ်ယူကာ ဝင်ငွေဖန်တီးပေးခြင်း၊ စိုက်ပျိုး နည်းပညာမြင့်မားစေရေးနဲ့ စျေးကွက် ချိတ်ဆက်ပေးခြင်း စတဲ့ ရည်ရွယ်ချက်တွေနဲ့ ယခုလို ဆောင်ရွက်ပေးခြင်း ဖြစ်တယ်လိုိ့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ ပရဆေး ကုန်ကြမ်းတွေဖြစ်တဲ့ ကွမ်းသီး၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊ ကြောင်လျာစေ့၊ ပီလောပီနံ၊ ဆီးဆန်၊ ဆီးခွဲခြမ်း၊ မာလာဥခေါင်း၊ ချဉ်ပေါင်ဖာလာ၊ ရွေးရွက်၊ မာလာဥ၊ နနွင်းတက်၊ သီဟိုဌ်စေ့၊ နေလဲစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့နဲ့ ဖန်ခါးသီးတို့ကို တရုတ်နဲ့ အိန္ဒိယသို့ တင်ပို့နေတာကြောင့် စျေးကွက် အလားအလာ များစွာရှိနေတယ်လို့ သိရပါတယ်။

ယင်းအပြင် ဖာလာ၊ ဝဥနဲ့ နနွင်းသီးနှံတွေကို တရုတ်စျေးကွက်အပြင် အခြားသော စျေးကွက်ရှိ နိုင်ငံများသို့ ချိတ်ဆက်နိုင်ရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

From: Myanma Platform