根据世界银行的报告,缅甸明年的GDP将增长6.8%

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရ လာမယ့်နှစ်မှာ မြန်မာနိုင်ငံ GDP ၆ဒသမ၈ရာခိုင်နှုန်းအထိ တိုးတက်လာမည်

l_1568432196.jpg

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်မားလာခြင်းကြောင့် မြန်မာနိုင်ငံအနေ နဲ့ GDP ၆ ဒသမ ၈ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောဆိုလိုက်ပါတယ်။

အဆိုပါကိစ္စရပ်နဲ့စပ်လျဉ်းပြီး ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် အခြေအနေများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်းသတင်း ဌာနရဲ့ မေးမြန်းချက်မှာ ဖြေကြားထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာ  ပြီးခဲ့တဲ့နှစ်မှာ GDP သိသိသာသာ တိုးတက်လာပါတယ်။ အရင်က GDP က ၆ ရာခိုင်နှုန်း၊ ၆ ဒသမ ၅ရာခိုင်နှုန်းကနေ လာမယ့်နှစ်မှာ ၆ ဒသမ ၈ရာခိုင်နှုန်းအထိ တိုးတက်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါ က ကမ္ဘာ့ဘဏ်ကပြောထားတဲ့ နှုန်းထားတွေလည်း ဖြစ်ပါတယ်”လို့ ၎င်းက ပြောပါတယ်။

ဆက်လက်ပြီး စီမံကိန်းများ ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်ဘတ်ဂျက်အပြင် ပုဂ္ဂလိက ဏ္ဍကလည်း ပါဝင်လာရန် လိုအပ်သလို ပံ့ပိုးကူညီမည့် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ မိတ်ဖက်နိုင်ငံများနဲ့လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။

“စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဝင်ပါတယ်။ လာမယ့်နှစ်မှာ ဆတက်ထမ်းပိုးတိုးလာဖို့ မျှော်လင့်တယ်။ ဒီလိုတိုးတက်မှုတွေ ရလာဖို့အတွက် ဒီထက်မက လူ အင်အားနဲ့ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်”လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောပါတယ်။

ထို့နောက်် ကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့သည့် နိုင်ငံတစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုလုပ်ရန် လွယ်ကူသည့် နိုင်ငံများစာရင်းမှာ တိုးတက်မှုအရှိဆုံးနိုင်ငံ ၂ဝစာရင်းအတွင်း မြန်မာနိုင်ငံကပါဝင်ခဲ့သလို မြန်မာနိုင်ငံအနေနဲ့ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုလုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။

From: Myanma Platform