在JICA的帮助下,租房将向基层人群开放

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

အခြေခံလူတန်းစားများ လက်လှမ်းမီနိုင်မည့် အငှားအိမ်ရာများကို JICA ၏အကူအညီဖြင့် တည်ဆောက်မည်

l_1521002698.jpg

အခြေခံလူတန်းစားများနှင့် အောက်ခြေလူတန်းစားများ လက်လှမ်းမီနိုင်မည့် အငှားအိမ်ရာများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ထံမှ အကူအညီ ရယူပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တည်ဆောက်ပေးနေသော တန်ဖိုးနည်းအိမ်ရာများကို  မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားတချို့နှင့် အောက်ခြေလူတန်းစားအများစုသည် ဝယ်ယူရန် လက်လှမ်းမမှီသည့် အခြေအနေတွင်ရှိနေသည့်အတွက် ယခုစီမံကိန်းကိုဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ညှိနှိုင်းဆောင်ရွက်မှု အဆင်ပြေပါက အိမ်ရာဖော်ဆောင်ရန် ဂျပန်ယန်း သန်း ၂၀၀ ချေးယူသွားမည်ဖြစ်ကာ အငှားအိမ်ရာ ဒီဇိုင်းပြင်ဆင်မှုကို ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆို်ပါ စီမံကိန်းကို အိမ်ရာလိုအပ်မှုရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ခန်းအမှန်တကယ်လိုအပ်နေသော ပြည်သူများအတွက် မိသားစုဝင်ငွေကျပ် သုံးသိန်းအောက်ရှိသူများကို အိမ်ရာများ ဦးစားပေးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။