大约600名外国人被允许永久留在缅甸

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ၆၀၀ ခန့်ကို အမြဲတန်း နေထိုင်ခွင့်ပြုထား

78416293_2438434193063741_6245110691536044032_o.jpg

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ၆၀၀ ခန့်ကို အမြဲတန်း နေထိုင်ခွင့်ပြုထားကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ သိရပါတယ်။

မြန်မာ နိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင် ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်မှစတင်ကာ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့ နှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြား သားဟူ၍ အမျိုးအစားလေးမျိုး ခွဲခြား သတ်မှတ်ကာ လျှောက်လွှာများ လက်ခံဆောင်ရွက်ခဲ့ပြီး ယခု အခါ ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပ နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများ၌ လည်း လျှောက်ထားနိုင်ပြီဖြစ်ကာ စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား ၆၃၈ ဦး အမြဲနေထိုင်ခွင့် လျှောက်ထားရာ ၅၉၁ ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြု ပေးထားကြောင်းသိရပါတယ်။

လက်ရှိတွင်  နိုင်ငံခြား သားအမြဲနေထိုင်ခွင့် ထပ်မံလျှောက် ထားသူများအနက် လုပ်ငန်းကော်မတီ မှ ပဏာမစိစစ်ပြီးသည့် ရင်းနှီးမြှုပ်နှံသူနိုင်ငံခြားသားတစ်ဦး၊ မြန်မာနိုင်ငံ သားဟောင်း ၁၁ ဦး၊ သွေးချင်း ဆက်စပ်သူ နိုင်ငံခြားသားငါးဦး၊ ယင်းတို့နှင့်တွဲ၍ လျှောက်ထားသည့် မိသားစုဝင်ငါးဦး စုစုပေါင်း ၂၂ ဦး အား ဗဟိုကော်မတီမှ စိစစ်အတည် ပြုဆောင်ရွက်ခဲ့ပြီး အဆိုပါ နိုင်ငံခြားသား ၂၂ ဦးအား လူတွေ့ အကဲဖြတ်စစ်ဆေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

From: Myanma Platform