仰光市长:仰光被列入十大最不适合居住的城市并不是什么丢脸事

နေထိုင်ရန်အဆိုးရွားဆုံး ၁၀ မြို့စာရင်းတွင် ရန်ကုန်မြို့ပါဝင်ခြင်းမှာ ရှက်စရာမဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ပြောကြား

ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)
         ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

နေထိုင်ရန် အဆုံးရွားဆုံး ၁ဝမြို့စာရင်းတွင် ရန်ကုန်မြို့ပါဝင်ခြင်းမှာ ရှက်စရာ မဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်က မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် Internations စစ်တမ်းကောက်ယူမှု၌ ရန်ကုန်မြို့မှာ အဆင့် ၁၀ တွင် ရောက်ရှိနေခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ပြောကြားလိုကြောင်း မီဒီယာများက မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ရန်ကုန်မြို့တော်ဝန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒါကိုကြည့်ပြီးတော့ ရှက်စရာလည်း မဟုတ်ဘူး။ဝမ်းသာစရာလည်း မဟုတ်ပါဘူး။ ရွေးတဲ့လူရဲ့သွားတဲ့ Technician ပဲပြောပြော၊သူ့ရဲ့ရွေးတဲ့ Selection strategy motivation ကိုက ဘာကြောင့်အဲဒီလိုလုပ်ဆိုတာ ပိုအရေးကြီးတယ်။ နိုင်ငံရေးလား၊ လူမှုရေးလား။ နောက်ပြီးတော့ Selecte လုပ်ထားတဲ့ Mode ကအရေးကြီးတယ်။ ဘယ်မြို့ ၁၀ မြို့ကို ရွေးပြီးသွားမလဲဆိုတာ အရေးကြီးပါတယ်” ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားသည်။

Forbes ကဒီဇင်ဘာ ၄ ရက်ထုတ်ပြန်သည့် နေထိုင်ရန် အဆိုးရွားဆုံး ၁၀ မြို့စာရင်း၌ မြန်မာနိုင်ငံမှ ရန်ကုန်မြို့ပါဝင်ပြီး အဆိုပါစာရင်း၌ ကူဝိတ်စီးတီးသည် အဆိုးရွားဆုံး နံပါတ် (၁) နေရာ၌ရှိကြောင်း၊ ယင်းစာရင်းကို ကမ္ဘာတစ်လွှားမှ အကဲဖြတ်သူများကွန်ရက်ဖြစ်သော Internations က စစ်တမ်းအသစ် တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုးရွားဆုံးစာရင်း၌ အမေရိကန်ပြည်ထောင်စုမှ မြို့သုံးမြို့ပါဝင်သည်။

“ပြောရရင်တော့ ၁၀ မြို့ကို Ramdom ကောက်လိုက်တယ်ဗျာ။ နေလို့ထိုင်လို့ အကောင်းအဆင့်ထဲမှာ အနိမ့်ဆုံးက ရန်ကုန်ပါနေတဲ့အတွက် ဖြစ်နိုင်ပါတယ်။သို့သော်လည်းပဲ မြို့ကြီးတွေ ဥပဒေအားဖြင့် တိုကျိုလိုမျိုး၊ ဆန်ဖရန်ဆစ္စကိုဟာမျိုးလိုနဲ့ သွားနှိုင်းလို့တော့ မရဘူးလေ။သို့သော် အကုန်လုံးရဲ့ overall မှာ ဒီလောက်တော့ မဆိုးပါဘူး။ ကျွန်တော်သိပါတယ်။သူတို့  selection လုပ်တဲ့ ၁၀ မြို့ထဲမှာ နောက်ဆုံးတစ်မြို့ဖြစ်တဲ့ အတွက်ကြောင့် သိက္ခာကျစရာမလိုဘူး။ သူ့အဆင့်သူ ရှိသွားမှာပဲ။ ဒါကငြင်းစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့ကိုးမြို့ ပြန်ကြည့်ပါ။ကမ္ဘာပေါ်မှာ ဒီ ၁၀ မြို့ထဲရှိတာမှ မဟုတ်တာ။ ကိုယ့်ထက်သာတဲ့ ကိုးမြို့လောက်ယူပြီးတော့မှ ဗမာပြည်ထည့်ပြီး ရန်ကုန်မြို့ထည့်လိုက်ပြီး ၁၀ မြို့တန်းစီလိုက်ရင် Sutomation ရန်ကုန်က နောက်ဆုံးကျမှာပါပဲ” ဟု မြို့တော်ဝန်က ပြောကြားသည်။

၂၀၁၉ ခုနှစ်တွင် နေထိုင်ရန်အကောင်းဆုံးနှင့် အဆိုးရွားဆုံး ၁၀ မြို့စာရင်းသည် Internations ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် 2019 Expat City Ranking ကို အခြေခံထားပြီး ကမ္ဘာတစ်လွှားမှ အကဲဖြတ်သူပေါင်း ၂၀၂၅၉ ဦးထံမှ စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အဆိုးရွားဆုံး မြို့ ၁၀ မြို့မှာ ကူဝိတ်စီးတီး(အဆင့် ၈၂)၊ရောမ(အဆင့်၈၁)၊ မီလန်(အဆင့်၈၀)၊ လာဂို့စ်၊ နိုင်ဂျီးရီးယား (အဆင့်ရ၉)၊ ပါရီ(အဆင့် ၇၈)၊ ဆန်ဖရန်စစ္စကို (အဆင့်ရ၇)၊ လော့အိန်ဂျလိစ် (အဆင့် ၇၆)၊ လီမာ(အဆင့် ၇၅)၊ နယူးယောက်စီးတီး (အဆင့် ၇၄) နှင့် ရန်ကုန်(အဆင့် ၇၃)တို့ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး မြို့ ၁၀ မြို့မှာ တိုင်ပေ၊ ကွာလာလမ်ပူ၊ ဟိုချီမင်း၊ စင်ကာပူ၊ မွန်ထရီယယ်၊ လစ္စဘွန်း၊ ဘာစီလိုနာ၊ ဖု (ဆွစ်ဇာလန်)၊ သည်ဟိတ်နှင့် ဘေဆယ်တို့ဖြစ်ကြောင်း သိရသည်။

From: Eleven