为了促进内比都旅游业,将在每月的第一周为政府部门员工制定旅游路线

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

နေပြည်တာ် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန်အစိုးရဝန်ထမ်းများအတွက် လတစ်လ၏ ပထမပတ်တွင် နေပြည်တော် -နမ့်မွန်ကြီးခရီးစဉ်ပြေးဆွဲပေးသွားမည်

နေပြည်တာ် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန်အစိုးရဝန်ထမ်းများအတွက် နေပြည်တော် ခရီးသွား လုပ်ငန်းရှင်များအသင်းက လတစ်လ၏ ပထမပတ်တွင် နေပြည်တော်-နမ့်မွန်ကြီး (ရေတံခွန်) ခရီးစဉ်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီဒေသခံခရီးသွားလုပ်ငန်းကောင်စီဝင် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း(နေပြည်တော်) အသင်းမှ သိရသည်။

ခရီးသွားလုပ်ငန်းရှင်များအသင်း(နေပြည်တော်) အား ၂၀၁၈ နိုဝင်ဘာ ၂ ရက်၌ စတင်ဖွဲ့စည်းခဲ့ရာ၊ နေပြည်တော် အခြေစိုက်ခရီးသွားအသင်း၌ ခရီးသွားကုမ္ပဏီ ၁၅ ခုရှိပြီး၊ ကားအမျိုးအစားစုံလင်စွာရှိကြောင်း၊ အစိုးရရုံးပိတ်ရက်ဖြစ်သည့် လစဉ် ပထမပါတ်၏ စနေ၊ တနင်္ဂနွေနေ့များ၌ ပြေးဆွဲပေးမည်ဖြစ်ပြီး ဝန်ထမ်းများ သက်သာသည့်နှုန်းထားဖြင့်သွားလာစေရန်နှင့် နေပြည်တော်သည် အစိုးရရုံးစိုက်သည့်ဒေသတစ်ခုအဖြစ်သာ သိရှိနေကြခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင်လည်း အောင်မြင်စွာဆောင်ရွက်နိုင်သောအခြေခံရှိသည့် နေရာတစ်ခုဖြစ်သည့်အတွက် နေပြည်တော် ခရီးသွားလုပ်ငန်းအား မြှင့်တင်ရန်ရည်ရွယ်၍ နေပြည်တော် နမ့်မွန်ကြီးခရီးစဉ်အား ပြေးဆွဲပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“နေပြည်တော် နမ့်မွန်ကြီးခရီးစဉ်ကနေပြည်တော် ခရီးသွားလုပ်ငန်းကိုမြင့်တင်တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့နေပြည်တော်မှာရှိတဲ့ဌာနဆိုင်ရာဝန်ထမ်းများကို လတစ်လရဲ့ ပထမအပါတ် စနေတနင်္ဂနွေရက်တွေမှာ ပြေးဆွဲပေးမယ်။ လိုင်းကားဆွဲတာတော့ မဟုတ်ပါဘူး ကျွန်တော်တို့ ခရီးသွားကုမ္ပဏီမှာလည်း ပုံမှန်ပြေးဆွဲနေတဲ့ ခရီးစဉ်တွေရှိပါတယ်။ အဲ့ဒီအထဲကမှ နေပြည်တော်မှာ အခြေပြုတဲ့ ခရီးသွားကုမ္ပဏီတွေကနေဝန်ထမ်းတွေအတွက်သက်သာတဲ့စျေးနှုန်းနဲ့ခရီးသွားစေချင်တာပါ။ နေပြည်တော်ကို အုပ်ချုပ်တဲ့ ဒေသမြို့တော် ရုံးစိုက်ရာဒေသလို့ပဲ အဖြစ်ပဲသိထားကြတာပါ။ တကယ်တော့နေပြည်တော်က ခရီးသွားလုပ်ငန်းကိုအောင်မြင်စွာဆောင်ရွက်နိုင်တဲ့ အခြေခံရှိတဲ့နေရာတစ်ခုပါ။”ဟု နေပြည်တော် ကောင်စီ ဒေသခံ ခရီးသွားလုပ်ငန်းကောင်စီဝင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(နေပြည်တော်) အသင်းဥက္ကဌ ဦးသိန်းထွေးက ပြောပြသည်။

နေပြည်တော်-နမ့်မွန်ကြီးခရီးစဉ်ကို ဒီဇင်ဘာ ၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး၊ ဝန်ထမ်းများအစုလိုက်သွား ရောက်ရန် ကားစင်းလုံးငှားဝန်ဆောင်မှု လုပ်ငန်းကိုလည်း ပူးတွဲဆောင်ရွက်ပေးလျှက်ရှိပြီး ခရီးသွားများ အတွက် ဝန်ဆောင်မှုများ ပါဝင်ထည့်သွင်းထားသည့်အပြင် ခရီးစဉ်အတွင်းအကြောင်းတစ်ရပ်ရပ်ဖြစ်ပေါ် လာပါ က အသင်းအဖွဲ့ ၊ ဝန်ကြီးဌာန နှင့် ခရီးသွားလုပ်ငန်း ကော်မတီများရှိခြင်းကြောင့် ခရီးသွားများ ပိုမိုလုံခြုံ စိတ်ချရစွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

From: Myanma Platform