仰光和福冈之间签署就与水有关行业合作的谅解备忘录

ရန်ကုန်နှင့် ဖူကူအိုကာမြို့တို့အကြား ရေနှင့်ဆက်စပ်သည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

dnhr 750.jpg

ရန်ကုန်မြို့နဲ့ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ ညီအစ်မမြို့တို့အကြား ရေနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ နားလည်မှုစာချွန်လွှာကို ဖူကူအိုကာမြို့တော်ဝန် Mr. Soichiro Takashima နဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က လက်မှတ်ရေးထိုးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့နဲ့ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တို့ဟာ ရေနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ရေးကို ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်တလောမှာတော့ ရန်ကုန်မြို့တော် ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ဖူကူအိုကာမြို့တို့က ပူးပေါင်းကျင်းပတဲ့ ညီအစ်မ နှစ်မြို့ရဲ့ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ် သင်္ကေတအဖြစ် Yangon-Fukuoka Illumination Festival 2019 မီးအလှထွန်း ပွဲတော်ကို ဖွင့်လှစ်ထားပါတယ်။

အဆိုပါ မီးအလှထွန်းပွဲတော်မှာ ဂျပန်ရိုးရာ ဗုံတေးဂီတအဖွဲ့က ဖျော်ဖြေကြပြီး ဖူကူအိုကာရိုးရာ အစားအသောက်တွေကိုလည်း ရောင်းချပေးလျက် ရှိပါတယ်။ ရန်ကုန်-ဖူကူအိုကာ LED မီး အလှထွန်းပွဲကို လွတ်လပ်ရေးနေ့ အထိ ပြသထားရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

From: Myanma Platform