在东芝市举办庆祝就实现全国50%电气化的活动

တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲသူ ၅၀ ရာခိုင်နှုန်းပြည့် အထိမ်းအမှတ်အခမ်းအနား တောင်ကြီးမြို့၌ ကျင်းပ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲ သူ ၅၀ ရာခိုင်နှုန်းပြည့် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က တောင်ကြီးမြို့ Treasure Palace Hotel ၌ ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိုင်ငံတော်အနေဖြင့် အစိုးရသစ်တာဝန်ယူ ဆောင်ရွက်သည် မှစ၍ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးများကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ် အတွင်း ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အား တိုးတက်၊ ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးနိုင်ရေး ကာလတို ကာလရှည်စီမံချက်များ ချမှတ်၍ စီမံကိန်းလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ၂၀၁၆− ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်အထိ ပြည်ထောင်စု ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ပြည်နယ်အတွင်း ငွေကျပ် ၂၉၇၀၀ ဒသမ ၄၉၈ သန်း အသုံးပြု၍ ပြည်သူ များ လျှပ်စစ်ဗို့အား ပြည့်မီစွာ သုံးစွဲ နိုင်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်ရေး လိုအပ် ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြည်နယ်တွင် ၂၃၀ ကေဗွီဓာတ်အားခွဲရုံနှစ်ရုံ၊ ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံလေးရုံ၊ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ၄၈ ရုံ၊ ၃၃ကေဗွီ ဓာတ်အားခွဲရုံ ၁၅၉ ရုံ၊ ၁၁ ကေဗွီ ဓာတ်အားခွဲရုံ ၄၆၅၅ ရုံ၊ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း ၁၄၈ မိုင်၊ ၁၃၂ ကေဗွီမဟာဓာတ်အားလိုင်း ၂၁၆ ဒသမ ၇၀ မိုင်၊ ၆၆ ကေဗွီဓာတ် အားလိုင်း ၇၈၉ ဒသမ ၇၃ မိုင်၊ ၃၃ ကေဗွီဓာတ်အားလိုင်း ၇၄၈ ဒသမ ၆၅ မိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၂၃၄၇ မိုင်၊ ၄၀၀ ဗို့ဓာတ်အားလိုင်း ၂၄၄၆ ဒသမ ၀၉ မိုင်တို့ဖြင့် မြို့များအပြင် ကျေးရွာ ၁၈၆၆ ရွာ၊ မီးသုံးစွဲသူ ၄၂၃၉၃၀ နှင့် အိမ်ထောင်စု ၅၁၇၀၅၇ တို့အား နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပေးထားလျက်ရှိပြီး ဓာတ်အားသုံးစွဲမှု ပမာဏမှာ ၂၈၆ ဒသမ ၆ မဂ္ဂါဝပ် သုံးစွဲလျက်ရှိကြောင်း၊ မီးလင်းရန် ကျန်ရှိသည့် မြို့နယ်၊ ကျေးရွာများကို လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေးအတွက် ပြည်ထောင်စု ဘတ်ဂျက်များဖြင့် လျာထားဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ယခုလို တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားသုံးစွဲသူ ၅၀ ရာခိုင်နှုန်း အထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မြို့ပြနှင့် ကျေးလက်နေပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းအောင် လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူး ပေးသွားနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက ရှမ်းပြည်နယ်အတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူတို့အား အထိမ်း အမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၂ ဦး၊ ရပ်နေသော လူများ
From: Myanmaalin