土瓦将通过深水港和工业区项目,成为炙手可热的市场

ထားဝယ်၌ ရေနက်ဆိပ်ကမ်းနှင့်စက်မှုဇုန်များ ဖော်ဆောင်ခြင်းဖြင့် ဈေးကွက်ချိတ်ဆက်ရန် အရေးပါလာမည်

ထားဝယ်အထူးစီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် များဖော်ဆောင်ပေးခြင်းဖြင့် မဲခေါင်တောင်ပိုင်း စီးပွားရေးစင်္ကြံ အရှေ့အလယ်ပိုင်းဒေသနှင့် အိန္ဒိယဈေးကွက်များ ချိတ်ဆက်နိုင်သည့် နေရာအဖြစ် အရေးပါလာမည်ဖြစ်ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည်။

ဒီဇင်ဘာ ၇ ရက်က တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့၌ ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ယင်းသို့ပြောခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးသည် မဟာမဲခေါင်၏ အနောက်ဘက်ဆုံး ဝင်ပေါက်သဖွယ်ဖြစ်နေပြီး ဒေသတွင်းနိုင်ငံများနှင့် တောင်ပိုင်းစီးပွားရေးစင်္ကြံသို့ ချိတ်ဆက်နိုင်သော အရေးပါသည့်နေရာတွင် တည်ရှိနေပြီး ကမ္ဘာ့နိုင်ငံများ၏ ကမ်းရိုး တန်းဒေသတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ဆောင်ရွက်ချက်များကို နမူနာယူ၍ ထားဝယ်အထူးစီးပွားရေးဇုန် ကို တည်ထောင်လျက်ရှိကြောင်း ၎င်းကပြောသည်။

တနင်္သာရီတိုင်းအတွင်း ယခုနှစ် အောက်တိုဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၄၄ ခုရှိပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၃၈၅ သန်း ရင်းနှီးမြှုပ်နှံ ထားကြောင်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၇၁ ခုရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၃၃ ဒသမ ၉၆ သန်းနှင့် ကျပ် သန်းပေါင်း ၂၈၂၃၂၆ ဒသမ ၁၆၃ ရှိပြီး အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း၏ အဓိကထုတ်ကုန်များမှာ သဘာဝပုလဲနှင့် မွေး ပုလဲ၊ မွေးမြူရေးလုပ်ငန်းများ၊ ပင် လယ်ရေထွက်ကုန်များ၊ ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများ၊ ငှက်သိုက် မွေးမြူရေးလုပ်ငန်းများနှင့် သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

From: Myanmar Times