将于2020年1月2日至7日在内比都举行以缅币交易的玉石销售会

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ တွင် ကျင်းပမည်

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။

နိုင်ငံသားကျောက်မျက်ရတနာ အချောထည်လုပ်ငန်း ရှင်များ ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေး၊ အချောထည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေး နိုင်ရေးနှင့် ပြည်ပသို့ တရားမဝင်ရောင်းချခြင်းများ တားဆီးနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကျောက်မျက်ရတနာများမြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကျင်းပနိုင်ရေး မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို  နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြီး  ပြပွဲဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခုကျင်းပမည့်ရောင်းချပွဲတွင် နိုင်ငံသားများကိုသာ တက်ရောက်ခွင့်နှင့် ဝယ်ယူခွင့်ပြုမည်ဖြစ်ပါကြောင်း၊ ရောင်းချပွဲအကြိုကာလမှစ၍ လုံခြုံရေး ကောင်းမွန်စေရေးသက်ဆိုင်ရာလုပ်ငန်းကော်မတီများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် ရောင်းချပွဲအောင်မြင်စွာကျင်းပနိုင်ရေး ယခင်ကျင်းပ ခဲ့သည့် ပြပွဲ များ၏ အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမို ကောင်းမွန်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်သွားကြစေလိုပါကြောင်း။မြန်မာနိုင်ငံအတွင်း ကျောက်မျက်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လင်းလာစေရေးတို့အတွက် ကျောက်မျက် ရတနာထွက်ရှိသည့်ဒေသများနှင့် ကျောက်မျက်ဈေးကွက်ဖြစ်ထွန်းနိုင်သည့် နေရာများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှု၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့၏ ဦးဆောင်မှုဖြင့် မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရတနာရောင်းချပွဲများ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအနေ ဖြင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါတယ်လို့ဆိုပါတယ်။

FROM : MYANMAR PLATFORM