首家奥迪缅甸展厅将于2020年底前开业

မြန်မာနိုင်ငံတွင် ပထမဆုံး Audi Myanmar Showroom ကို လာမည့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်သွားမည်

12.jpg

မြန်မာနိုင်ငံတွင် ပထမဆုံး Audi Myanmar Showroom ကို လာမည့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Audi Myanmar ၏ တရားဝင်အရောင်းပြခန်းနှင့် ဆားဗစ်စင်တာကို  ရန်ကုန်မြို့ပြည်လမ်း အင်းလျားကန်ရှေ့ရှိ အမှတ် ၂ ၊၆ မိုင်ခွဲတွင်  ဖွင့်လှစ်သွးမည်ဖြစ်ပြီး အဆိုပါ Showroom တွင် Audi ၏ကားအသစ်မော်ဒယ်မျိုးစုံကို ယာဉ်အပိုပစ္စည်း၊ဆားဗစ်ဝန်ဆောင်မှုများနှင့်အတူ 3S စနစ်ဖြင့်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

Audi ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ပြင်သစ်အခြေစိုက်အဓိကရှယ်ယာဝင် CFAO Group နှင့် မြန်မာနိုင်ငံမှ Automotive Asia (Myanmar) Limited တို့ပူးပေါင်းကာ မော်တော်ယာဉ်တင်သွင်းခြင်း၊ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကာ Audi Myanmar အနေဖြင့် အဆိုပါအရောင်းပြခန်းနှင့်တွဲဖက်ပြီး ဆားဗစ်စင်တာတည်ဆောက်ထား ရှိမည်ဖြစ်ပြီး  Audi ၏ အသိအမှတ်ပြု မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုများအပြင် Audi ၏ ယာဉ်အပိုပစ္စည်းအစ်အမှန်များကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်းသိရပါတယ်။

Audi Myanmar မှမြန်မာနိုင်ငံသို့ တရားဝင်တင်သွင်းထားသည့် ကားများကိုဝယ်ယူမည့်သူများကို ကနဦး ၃ နှစ်တာအတွင်း ခရီးမိုင်အကန့်အသတ်မရှိ Warranty ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

From: Myanma Platform