泰国的商业利益在于不断增长的德林达依省旅游业

တနင်္သာရီတိုင်းအတွင်း ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ စိတ်ဝင်စားမှု မြင့်တက်နေ

၂.jpg

တနင်္သာရီတိုင်းအတွင်း ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ စိတ်ဝင်စားမှု မြင့်တက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှသိရပါတယ်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ထိုင်းလုပ်ငန်းရှင်များ အတွက်တနင်္သာရီတိုင်းဒေသကြီးအတွင်း  လုပ်ကိုင်နိုင်မည့် ခရီးသွား လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများကို ပြုစုနေကြောင်းသိရပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် တရုတ်၊ ထိုင်း နှင့်ကိုရီးယားနိုင်ငံတို့ နှင့် လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ ၇ ခု လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရေငန်ပုဇွန် မွေးမြူထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း တစ်ခုသာရှိကြောင်းသိရပါတယ်။

From: Myanma Platform