就以50万缅币购买基本米价进行招标

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

အခြေခံစပါးစျေးနှုန်း ငွေကျပ်(၅)သိန်းဖြင့် ဝယ်ယူနိုင်ရန် အိတ်ဖွင့်တင်ဒါများခေါ်ယူ

၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်း စပါးစျေးနှုန်း ငွေကျပ်(၅)သိန်းနဲ့ တောင်သူများထံမှ စပါးဝယ်ယူနိုင်ဖိုအတွက် တင်ဒါအဆိုပြုလွှာများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်မှာ ဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ သိရပါတယ်။

အခြေခံရည်ညွှန်းစျေးဖြင့် စပါးဝယ်ယူရေးအတွက် တင်ဒါအဆိုပြုလွှာများ ကြော်ငြာခြင်းကို တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူရေးရာ ဦးစီးဌာနနဲ့ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ကြော်ငြာသင်ပုန်းတို့မှာ ကပ်နှံဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

အိတ်ဖွင့်တင်ဒါ ပုံစံနဲ့ စည်းကမ်းတွေကို ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှာ ဒီဇင်ဘာလ(၆)ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလ (၁၆)ရက်နေ့အထိ ပုံစံများကို တစ်စုံလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

အခြေခံရည်ညွှန်း စပါးစျေးနှုန်း ငွေကျပ် (၅) သိန်းဖြင့် တောင်သူလယ်သမားများထံမှ စပါးဝယ်ယူ နိုင်ဖို့အတွက် ထန်းတပင်မြို့နယ်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ လှည်းကူးမြို့နယ်နဲ့ သန်လျင်မြို့နယ်တွေမှာလည်း တင်ဒါအဆိုပြုလွှာများ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် မိုးစပါးနဲ ၂၀၂ဝခုနှစ် နွေစပါးတို့ကို စပါးသီးနှံစိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူ လယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ စျေးကွက်နဲ့ စျေးနှုန်းများ ဖြစ်ပေါ်လာစေဖို့အတွက် အစိုဓာတ် (၁၄) ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်တဲ့ အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ တစ်တင်း(၄၆) ပေါင် ကိုက်စပါးတင်း (၁၀၀) ရဲ့ အခြေခံရည်ညွှန်းစပါး စျေးနှုန်းကို ငွေကျပ်(၅) သိန်းနှုန်း သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။

from : MYANMAR PLATFORM