计划在仰光市区公园设立餐馆

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ရန်ကုန်မြို့တွင်း ပန်းခြံများတွင် စားသောက်ဆိုင်များ စနစ်တကျဖွင့်လှစ်ရန်စီစဉ်

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ရှိ အများပြည်သူအပန်းဖြေအနားယူသည့် ပန်းခြံများတွင် စားသောက်ဆိုင်များ စနစ်တကျဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC မှ သိရပါတယ်။

ရန်ကုန်မြို့ရှိ ပန်းခြံများတွင် ဆိုင်ခန်းများဖော်ဆောင်ရာ၌ အများပြည်သူအပန်းဖြေသည့်နေရာတွင် စားသောက်ဆိုင်ပုံစံမျိုး စနစ်တကျ ဖော်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။

ထိုသို့ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC အနေဖြင့် စီမံချက်ရေးဆွဲပြီးဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထားကြောင်း သိရပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏သဘောတူညီမှုရရှိပါက တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူမည်ဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြုပါက စိတ်ဝင်စားမှု အဆိုပြုလျှောက်လွှာ EOI ခေါ်ယူပြီး တင်ဒါစနစ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူအပန်းဖြေ အနားယူနိုင်သည့် ပန်းခြံပေါင်း ၆၁ခုရှိပြီး ရန်ကုန် အရှေ့ပိုင်းခရိုင်တွင် ၁၅ခု၊ ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ၁၉ခု၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် ၁၄ခုနှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် ၁၃ခုရှိကြောင်း သိရပါတယ်။

FROM : MYANMAR  PLATFORM