在仰光大金塔为国务资政杜昂山素季祈祷

ICJ တရားရုံးတွင် တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အတွက်ဆုတောင်းပွဲ ရွှေတိဂုံစေတီ အောင်မြေတွင်ပြုလုပ်

ဂမ်ဘီယာနိုင်ငံမှမြန်မာနိုင်ငံကို စွဲဆိုထားသည့် အမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖြေရှင်းခြင်း ကိစ္စရပ်များအပေါ် ထောက်ခံရပ်တည်ကြောင်းနှင့် မှန်ကန်ပြီး တရားနည်းလမ်း ကျသော ရလဒ်ကောင်းများ ပြန်လည်ရရှိစေရေး ခေါင်းစဉ်ဖြင့် သီလရှင် အပါး၂၀၀ ခန့်ပါဝင်သော ဆုတောင်းပွဲကို ယနေ့(ဒီဇင်ဘာ ၁၁ ရက်) ညနေ ၅ နာရီက ရွှေတိဂုံစေတီ အောင်မြေတွင် ပြုလုပ်ခဲ့သည်။

သီလရှင်များနှင့် တက်ရောက်လာကြသည့် ပြည်သူများမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာအား ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးသို့ သွားရောက် တရားရင်ဆိုင် နေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။

အဆိုပါဆုတောင်းပွဲကို မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ ဦးဆောင်ကျင်းခြင်းဖြစ်ပြီး ဆုတောင်းပွဲကို ညနေ ၅ နာရီခွဲမှ ၆ နာရီခွဲအထိ တစ်နာရီကြာ ပြုလုပ်ခဲ့သည်။

FROM : STANDAD TIMES